Arc 2.9

3.9K 470 1
                                    

Unicode

"ကျွန်..ကျွန်တော်အဲ့လိုမျိုးဆိုလိုတာမဟုတ်ပါဘူး,အကြီးဆုံးသခင်လေး" လို့လုတာ့ဖုန်းက ခပ်မြန်မြန်ပြန်ဖြေလိုက်တယ်။
"သခင်လေးသာကြိုတင်အ​ကြောင်းကြားထားမယ်ဆိုရင်ကျွန်တော်ကကြိုဆိုပွဲလေးဖြစ်ဖြစ်စီစဥ်ထားနိုင်​လောက်မှာပါ"
လုတာ့ဖုန်းကစိုးရိမ်ထိတ်လန့်​နေရတယ်"ဒီမကောင်းဆိုးဝါးပြည်ပမှာရှိနေတုန်းကအရာအားလုံးကငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာကိုသူဘာလို့ပြန်လာတာလဲ"
ဒီလုမိသားစုအသိုင်းအဝိုင်းတည်ရှိနေတာကရာစုနှစ်တစ်ခုကျော်ပြီ။ဒီအသိုင်းအဝိုင်းရဲ့ရာထူးနဲ့ပတ်သက်တဲ့စည်းကမ်းတွေကအရမ်းတင်းကြပ်တယ်။
လုချင်းယွင်ကသူ့ကိုဒုတိယဦးလေးလို့ခေါ်တယ်ဆို​ပေမယ့် သူကမျိုးနွယ်စုခွဲထဲကဖြစ်ပြီးလုချင်းယွင်ကပင်မမိသားစုအသိုင်းအဝိုင်းကလာတာဖြစ်တယ်။ဒီနှစ်တွေအတောအတွင်းမှာပင်မမျိုးနွယ်စုကပြည်ပကိုထွက်သွားကြတာမို့ လုတာ့ဖုန်းကသူဘာလို့ပြန်လာတာမှန်းမသိခဲ့ဘူး။
"အဲလိုမျိုး​တွေလုပ်ဖို့မလိုအပ်ပါဘူး"လို့လုချင်းယွင်ကရှီရှန်းကိုကြည့်ပြီးပြောလိုက်တယ်။
လင်ရှန်းရှန်းကရုတ်တရပ်အကြောင်အသွားတယ်။ပုံမှန်အားဖြင့်လုတာ့ဖုန်းထက်ပိုပြီးကောင်းတဲ့လူကိုဒီအသိုင်းအဝိုင်းမှာရှာလို့မရနိုင်​တော့ဘူး။ပြီးတော့လုတာ့ဖုန်းကသူ့ကိုအဲလောက်ကျိုးကျိုးနွံနွံဆက်ဆံနေပုံထောက်ရင်သူ့အသိုင်းအဝိုင်းကပိုပြီး​မြင့်လောက်တယ်။အကယ်လို့သူမသာဒီလူကိုဆွဲဆောင်နိုင်ရင်......

ဒီအချက်ကို​တွေးမိပြီးပြီးချင်းပဲ ခေါင်းထဲကပြန်ထုတ်ပစ်လိုက်တယ်။ဒီလူကိုကြည့်ရတာချဥ်းကပ်ဖို့မလွယ်လောက်ဘူး။ပြီးတော့သူကလုတာ့ဖုန်းလေးစားနေတဲ့သူဖြစ်ပုံထောက်ရင်သူမ ရန်စနိုင်မဲ့သူမဟုတ်ဘူး။သူမလုတာ့ဖုန်းကိုပဲရအောင်ကပ်ထားသင့်တယ်။ဘာတစ်ခုမှအမြတ်မရရင်တောင်အရင်းရှုံးလို့မဖြစ်ဘူး။
လင်ရှန်းရှန်းကသူမရဲ့limitကိုသူမသိတယ်။
ရှီရှန်းကလည်းအဲ့ဒီလူကိုပြုံးပြနေတာကိုတွေ့လိုက်ရတယ်။
အဲဒါကြောင့်လင်ရှန်းရှန်းကသူမကိုပိုပြီးမုန်းလာတယ်~ဘာလို့သူမလဲ!!!..~
"မစ္စတာ လု ဘယ်လိုတိုက်ဆိုင်တာပါလိမ့်"ရှီရှန်းကကြိုဆိုတဲ့အပြုံးနဲ့ပြုံးပြလိုက်တယ်။လုတာ့ဖုန်းကလုချင်းယွင်ရှီရှန်းကိုသိတာကိုသိလိုက်တဲ့အချိန်မှာသူလိပ်ပြာလွင့်မတတ်ကြောက်သွားခဲ့တယ်။~ကျန်းဝမ်ကိုငါသာမန်လူတစ်ယောက်လို့လင်ထားတာ။သူမဒီမကောင်းဆိုးဝါးကိုဘယ်လိုသိတာပါလိမ့်~
"ဒုတိယဦးလေးဒီနေရာမှာလုပ်စရာရှိသေးလို့လား"ရပ်နေတဲ့နေရာကနေတစ်လက်မတောင်မရွေ့ရဲတဲ့လုတာ့ဖုန်းကို ရှီရှန်းဘေးနားမှာရပ်နေတဲ့လုချင်းယွင်ကကြည့်လိုက်တယ်
လုတာ့ဖုန်းရဲ့ခန္ဓာကိုယ်ကတုန်လှုပ်သွားပြီးချက်ချင်းခေါင်းကိုခါလိုက်တယ်
"မရှိပါဘူး...မရှိပါဘူး...ကျွန်တော်အခုပဲသွားတော့မှာပါအကြီးဆုံးသခင်လေး"
လုတာ့ဖုန်းကလင်ရှန်းရှန်းရဲ့လက်ကိုဆွဲပြီးတော့ပါတီက​နေထွက်သွား​တော့မယ့်ပုံစံနဲ့တံခါးဘက်ဆီလျှောက်သွားတယ်။ ~ငါ ဒီပါတီမှာဆက်နေရင်ငရဲလိုပဲဖြစ်နေမှာ,အဲဒီသောက်ရူးကောင်ရှိနေမှတော့ငါဆက်နေ နေရင်အသက်ရှိတယ်လို့တောင်ခံစားရမှာမဟုတ်ဘူး~
"ခန​နေပါအုံး"
လုတာ့ဖုန်းကသူ့ခေါင်းကိုလှည့်လိုက်ပြီးလေးစားပြီးကြောက်ရွံ့နေတဲ့လေသံနဲ့ပြောလိုက်တယ်"အကြီးဆုံးသခင်လေးကမှာစရာရှိသေးလို့လားခင်ဗျ"
"တောင်းပန်...."
"တောင်းပန်ရမယ်"လုတာ့ဖုန်းကနေလို့ထိုင်လို့မကောင်းတော့ဘူး။~ကျန်းဝမ်နဲ့ဒီမကောင်းဆိုးဝါးရဲ့ဆက်ဆံရေးကဘာလဲ။ဒီမကောင်းဆိုးဝါးကသူမကိုတောင်းပန်ဖို့အထိတောင်ပြောပေးနေတာ~
လုတာ့ဖုန်းကတစ်ကိုယ်လုံးချွေးတွေစိုရွှဲနေပြီးကျန်းဝမ်ဆီမှာ ဦးညွတ်လိုက်တယ်
"မိန်းက​လေးကျန်း စောစောတုန်းကကျွန်တော့အမှားပါကျွန်တော်တောင်းပန်ပါတယ်။မိန်းက​လေးကျန်းကပဲသဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးပါ။ကျွန်တော်ကမိန်းက​လေးကျန်းနဲ့ပြိုင်ပြောသင့်တဲ့သူမဟုတ်ပါဘူး။လင်ရှန်းရှန်းကကျွန်တော့်ကိုတိုက်တွန်းလို့သာအခုလိုရိုင်းမိတာပါ"
လင်းရှန်းရှန်း ကဖြူဖျော့သွားတယ်။သူမကိုသူမဒီလိုမျိုးအလွယ်တကူစွန့်ပစ်ခံရမယ်လို့မထင်ထားဘူး။
"လုတာ့ဖုန်း...ရှင်ဘာကိုဆိုလိုတာလဲ"
~ဒီလူကိုကြောက်နေတာနဲ့ပဲသူ့အပြစ်တွေကိုငါ့ဆီပုံချလိုက်လို့ရတယ်​ပေါ့~

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now