Arc 4.32

2.7K 328 2
                                    

Unicode

ရှီရှန်းနားကzombieတွေက လူတစ်ယောက်ရဲ့ရှိသင့်တဲ့မှတ်ဉာဏ်တွေ ဝါးတားတားပြန်ရကြပြီသူတို့ရဲ့အပြင်ပန်းပုံစံက သာမာန်လူနဲ့မတူသေးပေမဲ့ အဆင့်တစ်ခါမြှင့်တိုင်း လူလိုနေတတ်ထိုင်တတ်လာကြတယ်သူတို့တွေက အသိဉာဏ်ရပြီးကတည်းက ညစ်ပတ်စုတ်ပြတ်နေတဲ့ အဝတ်စုတ်တွေကိုမဝတ်တော့ဘဲနဲ့ ပိုပြီးသပ်သပ်ရပ်ရပ်ဝတ်စားလာကြတယ်

မှတ်ဉာဏ်ဝိုးတိုးဝါးတားရလာတဲ့ Zombieတွေက အဆင့်မြှင့်အကောင်တွေပဲဖြစ်ပြီး ချင်ယုတို့သုံးယောက်လက်အောက်ကဖြစ်တယ်တချို့ဆို တရားဝင်အဓိကအဖွဲ့ဝင်အဖြစ်ပါ သတ်မှတ်ခံရပြီးပြီ

အခုဆိုသူတို့က ရေသန်နဲ့လျှပ်စစ်ပြန်ရအောင်လုပ်ဖို့အတွက် အလုပ်ရှုပ်နေကြတယ်အစည်းဝေးခန်းက များသောအားဖြင့် လူပြည့်နေတယ်ရှီရှန်းကချန်လိကို ခေါ်ပြီး အစည်းဝေးခန်းထဲခေါ်လာတော့ ချန်ယုကအစည်းဝေးကိုခနရပ်ထားလိုက်ရတယ်တချိန်ကကောင်ချောလေးက အခုဆိုညစ်ပတ်ပေတူးနေရတယ် သူ့ကြည့်ရတာ လေးငါးရက် မအိပ်ထားရသေးတဲ့ပုံစံပဲ

" ဘောစ့်၊ အရှင် "
ရှီရှန်းကိုတွေ့လိုက်ရတာက ချင်ယုကိုမေ့လဲမတတ်ဖြစ်စေတယ်

" ဘောစ့် ဒီကိုဘယ်လိုရောက်လာတာလဲဘောစ့်လုပ်မယ်ဆိုတာတွေကရော"

ရှီရှန်းက ပတ်ဝန်းကျင်ကိုတချက်ရှိုးလိုက်တယ်
" အာ မဆိုးပါဘူး ဒီကကိစ္စတွေ‌ကရော "

" ရှင်းရှင်းပြောရရင် မကောင်းဘူး "
ချင်းယုက သက်ပြင်းချလိုက်တယ်
" အသိဉာဏ်ရလာတဲ့Zombieတွေက အရမ်းနည်းလွန်းတယ်ကိုယ်တိုင်ဆုံးဖြတ်ချက်တွေချနိုင်မဲ့ သူတွေပိုရှိရင် ကောင်းမှာဗျာ အခုက200တောင်မပြည့်သေးဘူး ဘာအန္တရာယ်မှမဖြစ်အောင် စစ်ထုတ်လိုက်တော့ ဒါကကျွန်တော်တို့တတ်နိုင်တဲ့ အများဆုံးအရေတွက်ပဲ ကျွန်တော့်ကိုယ်ပွားအများကြီးသာ ခွဲပစ်ချင်လိုက်တော့တယ်...   "

အဆင့်မြှင့်အကောင်တွေက ချန်လိရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး အဆင့်နိမ့်ကောင်တွေကလည်း စိတ်ထမဖောက်တာကို အခြေနေတွေကရှုပ်ထွေးနေတုန်းပဲဖက်တီးလေးဆို အခုတလောဝိတ်ပါကျသွားပြီ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now