Arc 2.13

3.6K 456 3
                                    

Unicode

ရှီရှန်းနဲ့သူ့ရဲ့လက်ထောက်ထွက်သွားပြီးကတည်းကဥက္ကဌကပြသနာတွေအများကြီးကြုံလိုက်တာကိုလူတိုင်းသိကြတယ်။
ဘာတွေဖြစ်​ခဲ့ကြတယ်ဆိုတာကိုဘယ်သူမှအ​သေးစိတ် မသိပေမဲ့သူတို့သိတာဆိုလို့ထန်းရင်းcompanyနဲ့ပြန်ညှိနှိုင်းတာတောင်ရှီရှန်းနဲ့စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုတာကိုပဲ။
ရှီရှန်းကဘေးထိုင်ခုံမှာထိုင်တုန်း ရှမန်က​ကားမောင်းတယ်။ ထန်းရင်းကတော့ အနောက်ဘက်ထိုင်ခုံမှာထိုင်နေတယ်။ရှီမိုရဲ့CEOရုံးခန်းကထွက်လာကတည်းကနေအခုထိဘာစကားတစ်ခွန်းမှမပြော​သေးဘူး
သူ့သရုပ်ဆောင်နဲ့ရှမန်ကတစ်ဖက် ရှီမိုကတစ်ဖက် ဖြစ်နေတာကိုသာနားမလည်နိုင်ဖြစ်နေတယ်။အခု​တော့ ကျန်း၀မ်ရဲ့စာ
ချုပ်ကဖျက်သိမ်းခံလိုက်ရုံသာမကဘူးသူပါcompanyက​နေနှင်ထုတ်ခံလိုက်ရတယ်
"ကျွန်မ companyအသစ်ရဲ့လိပ်စာကိုယူလာပြီးပြီ။ရန်ပုံငွေလည်းအဆင်သင့်ဖြစ်နေပြီ"
ရှီရှန်းကထန်းရင်းရဲ့အ​တွေး​တွေကိုလျစ်လျူရှုပြီးတော့သူမရဲ့မှတ်စုစာအုပ်မှာသာစာလုံးတွေရေးနေတယ်
"ငါတို့အခုလိုတာဆိုလို့သရုပ်ဆောင်တွေပဲ"
"အင်း..ဒီအတွက်ငါတို့ထက်မြက်တဲ့သရုပ်ဆောင်တွေကိုရွေးချယ်ရမယ်"
ရှမန်ကဝင်ပြောလိုက်တယ်

ရှမန်ကသူမအမေဆီကနေရလာတဲ့ထက်မြက်မှုတွေနဲ့ရှီရှန်းကိုကူညီပေးနေတယ်
ဒါ့အပြင် ရှမန်က သူမဆီမှာ ရှိ​နေတဲ့ ​ငွေ​တွေကိုပါ ရှီရှန်းကို ​ချေး​ပေးထားတယ်ရန်ပုံငွေတွေရယ်အပိုငွေတွေရယ်ပေါင်းလိုက်မယ်ဆိုရင်စုစုပေါင်းဒေါ်လာသန်း၅၀လောက်တော့ရှိတယ်
မှန်ပါတယ် သူမတို့ဆီမှာရှိ​နေတာကစုစုပေါင်းဒေါ်လာသန်း၅၀ပါ ဒေါ်လာ၅သန်းမဟုတ်ပါဘူး
ရှမန်ကသူမကျန်းဝမ်ကိုယုံကြည်တာမှန်ရဲ့လားဆိုတာကိုတောင်မဆုံးဖြတ်နိုင်​သေးဘူး
သူမကစကားပြောမတတ်​ပေမယ့်အလုပ်လုပ်တာတော့တိကျပါတယ်
ပြီးတော့လူတွေသူမကိုယုံကြည်လာအောင်လုပ်ဆောင်နိုင်တယ်အဲ့ဒါက ရှမန်သူမဘက်ကို ပါသွားရတဲ့အ​ကြောင်းအရင်းဖြစ်နိုင်​လောက်တယ်
ဒါပေမဲ့တစ်လကြာတော့သူမရဲ့ရန်ပုံငွေတွေကအဆပေါင်းများစွာပိုပိုပြီးတိုးလာခဲ့တယ်
ကျန်း၀မ်ပိုက်ဆံရှာတဲ့နှုန်းကနတ်ဘုရားတစ်ပါးလိုပဲ
ဒါ​ပေမယ့်ဒီထက်ပိုပြီးငွေရှာဖို့လို​သေးတယ် အနာဂတ်မှာcompanyအတွက် ငွေတွေပိုလိုအပ်လာနိုင်တယ်။အခုလောလောဆယ်အတွက်တော့ဒေါ် လာသန်း၅၀က လုံလောက်ပါတယ်
ရှမန်ကကျန်း၀မ်ရဲ့အစီအစဥ်​တွေကို ဘာမှကန့်ကွက်စရာမရှိခဲ့ဘူး
သူမတစ်ယောက်တည်းစီးပွား​ရေးလုပ်မယ်ဆိုရင်​တောင်ငွေတွေအဲလောက်လည်းမရှာနိုင်ဘူးလေ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now