ဆရာသခင်ယွီ​ရှောင်း (Special Episode)

3.5K 463 14
                                    

Unicode

​​မြောက်ဘက်​တောင်ဂိုဏ်းမှာငါ ​တောင်သခင်အဖြစ်ခန့်အပ်ခြင်းခံရတဲ့​နေ့က သူမရဲ့လက်ထပ်ပွဲ​နေ့ပဲ.ငါတို့ရဲ့ပတ်သတ်မှုကလည်းဒီမှာပဲတစ်ခန်းရပ်သွားပြီလို့ငါထင်ခဲ့တယ်

ငါကသူမကိုငယ်စဥ်ကတည်းကချစ်ကျွမ်း၀င်မိခဲ့တယ် ငါ့ဘ၀တစ်​လျှောက်လုံးမှာသူမကိုပဲဇနီးအဖြစ်လက်ထပ်ယူမယ်လို့ သတ်မှတ်ခဲ့တယ်.ငါတို့မှာ ထက်မြတ်ပြီးချစ်စရာ​ကောင်းတဲ့သားသမီး​လေး​တွေရှိပြီး ဘ၀သက်တမ်းတစ်​လျှောက်လုံးတူတူဖြတ်သန်းသွားကြမယ်လို့ထင်မှတ်ခဲ့ဖူးတယ်

သနားစရာပဲ... ကံတရားကငါ့ကိုမျက်နှာသာမ​ပေးခဲ့ဘူး.ဘာ​ကြောင့်မှန်းမသိဘဲ သူမကငါ့ကို​ရှောင်ဖယ်စပြုလာတယ်..အ​ကြောင်းအရင်းမရှိဘူး...ငါတို့နှစ်​ယောက်ဆက်ပြီး​ေ၀းကွာလာခဲ့တယ်

ငါတို့​တွေ့တဲ့အချိန်မှာ​တောင်မှ သူမရဲ့ပါးစပ်က​နေ နာမည်အသစ်တစ်ခုကိုပဲ တမ်းတနေခဲ့တယ်  အဲ့ဒီနာမည်ကငါနဲ့အရမ်းစိမ်းသက်​နေတယ်

အဲ့ဒီလူအ​ကြောင်းငါကို​ပြောပြတဲ့အချိန်မှာသူမရဲ့မျက်နှာက အရမ်းကိုနူးညံ့​နေပြီး ချိုမြိန်​နေတယ်

ငါသိချင်မိပါတယ်..ငါသာသူမကိုတစ်ကြိမ်တစ်ခါ​လောက်ပဲဖြစ်ဖြစ်ဖွင့်​ပြောဖူးမယ်ဆိုရင် သူမငါ့ကိုအခွင့်အ​ရေးတစ်ခု​​လောက်​တော့​ပေးနိုင်မလားလို့​လေ

ဒါ​ပေမယ့် ငါသာသူမကိုဖွင့်​ပြောလိုက်မယ်ဆိုရင် ငါတို့​တွေသူငယ်ချင်းအဖြစ်တောင် ရှိ​နေနိုင်​တော့မှာမဟုတ်ဖူးလို့ ငါ့ရဲ့အသိစိတ်ကသတိ​ပေး​နေခဲ့တယ်

သူမရဲ့ချစ်စိတ်က မီးထဲကို၀င်တိုး​နေတဲ့ပိုးဖလံတစ်​ကောင်လိုပဲ သိပ်ကိုပြင်းပြလွန်းတယ်  ငါ့ရဲ့ခံစားချက်​တွေကိုသာသူမသိသွားရင် ငါ့ကိုပိုပြီး​ရှောင်ဖယ်သွား​တော့မှာအ​သေအချာပဲ ငါအဲ့လိုမဖြစ်ချင်​ဘူး ငါဖွင့်မ​ပြောခဲ့ဘူး

​မြောက်ဘက်​တောင်ဂိုဏ်းမှာငါ​တောင်သခင်အဖြစ်ခန့်အပ်ခံရတဲ့​နေ့တုန်းက သူမက​မြောက်ပင်လယ်ကိုလက်ထပ်ဖို့လိုက်ပါသွားတာကို ​တောင်ထိပ်က​နေလှမ်းကြည့်​နေခဲ့ရတယ်..ဒီမှာသာရပ်​ပြီးသူမထွက်သွားတာကိုကြည့်နေရင် သူမနဲ့နည်းနည်း​လောက်ပိုပြီး နီး​စပ်ခွင့်ရအုံးမလားဆိုတဲ့ အ​တွေးနဲ့​ပေါ့

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now