Arc 3.1

3.6K 434 1
                                    

Unicode

"ဆရာတူညီမ နိုးလာပြီလား "
"မနိုး​သေးဘူး ဆရာ
ဆရာအဖိုးက​ပြောတယ်  ​ဒေါ်​လေးရဲ့ကျင့်ကြံဆင့်ကအမှန်ဆိုရင် ဒီနှစ်ထဲမှာ အ​ခြေတည်အဆင့်ကိုတက်လှမ်းနိုင်​တော့မှာဆို ...... တကယ်လို့သာအဲ့ဒီလိုဖြစ်နိုင်လိမ့်မယ်ဆိုရင် သူမက မြူခိုး​တောင်ဂိုဏ်းရဲ့အသက်အငယ်ဆုံး အ​ခြေတည်အဆင့်ကျင့်ကြံသူဖြစ်လာမှာ
ဒါ​ပေမယ့် အခု​တော့အရာအားလုံးကအချည်းနှီးဖြစ်သွားပြီ.. ​ဒေါ်​လေးသာသိရင်..သူမ အရမ်းစိတ်ပျက်သွားလိမ့်မယ်..."​

သက်ပြင်းချလိုက်ကြတယ်..
ရှီရှန်းက မူလအ​ခြေအ​နေထဲကို သတိ၀င်လာလာချင်းမှာကြားလိုက်ရတာက​တော့ သက်ပြင်းရှည်ကြီးဖြစ်တယ်

"ဂိုဏ်းတူ​ဒေါ်​လေး...​​​ဒေါ်လေး နိုးလာပြီလား..."​ကောင်မ​လေးကရှီရှန်းရဲ့ နားနားကိုကပ်ပြီး ​အော်လိုက်တယ်
"ဆရာ...မြန်မြန်..ဆရာတူအဖိုးကို ​ခေါ်လိုက်..."

ရှီရှန်းရဲ့ နှလုံးကပြင်းပြင်းထန်ထန်ခုန်​နေတယ်
နာကျင်မှုက ရင်ဆိုင်နိုင်ဖို့ခက်ခဲတယ်
၁၀စက္ကန့်လောက်အားယူပြီးတဲ့အခါမှပဲ  ရှီရှန်းကသူမအနားကလူ​တွေကိုအကဲခတ်နိုင်​တော့တယ်
သူမ​အနားမှာရပ်​နေတဲ့မိန်းက​လေးက​တော့  ​ကောင်းကင်ဘုံစွန်း​တောင်ထွဋ်ရဲ့တပည့်တစ်​ယောက်ဖြစ်တဲ့ လင်းရီရီဖြစ်ပြီး​မူလကိုယ်ရှန်းရှူနဲ့အလွန်​ကောင်းမွန်တဲ့ဆက်ဆံ​ရေးရှိသူဖြစ်တယ်

"ငါဘယ်​လောက်ကြာ​အောင်အိပ်​ပျော်သွားတာလဲ"

ရှီရှန်းက ​ခြောက်​သွေ့​နေတဲ့နှုတ်ခမ်း​တွေကိုလျှာနဲ့သပ်လိုက်တယ်
သူမရဲ့လည်​ချောင်းထဲမှာပူချစ်​နေပြီးတံ​တွေးမျိုချဖို့​တောင်ခက်ခဲ​နေတာ​ကြောင့်စကားသံ​တွေကအက်ကွဲ​နေတယ်

"​၃ရက်ရှိပြီ​ဒေါ်​လေး... လာ..​ရေနည်းနည်း​သောက်လိုက်ပါအုံး..ဆရာအဖိုး ခန​နေရင်​ရောက်လာလိမ့်မယ်."

လင်းရီရီက ​ရေတစ်ခွက်ကိုအမြန်ခပ်ယူလာကာ ရှီရှန်းရေ​သောက်ဖို့ ကူညီ​ပေးတယ်
​အေးမြတဲ့​ရေကလည်​ချောင်းတစ်​လျှောက်ကိုဖြတ်စီးသွားတာမို့ ​နေရထိုင်ရတာပိုပြီး သက်သာလာတယ်
သူမက အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now