Arc 2.6

4K 526 9
                                    


➡️Unicode


ဒီဓားပြအုပ်စုကိုကြည့်ရတာ ကျွမ်းကျင်သူ​တွေဖြစ်ရမယ်.ဘယ်သူကမှ လမ်းညွှန်​နေစရာမလိုဘဲ ဘယ်သူကဘာလုပ်ရမယ်ဆိုတာကို​ ကောင်း​ကောင်းသိ​နေကြတယ်.

ရှီရှန်းကတော့ သူမစိတ်ထဲမှာပဲ ကျိန်ဆဲနေတယ်.သူမကလျှို့ဝှက်မစ်ရှင်ပြီးအောင်လုပ်ဖို့အတင်း တွန်းအားပေးခံရုံသာမက အခုလည်း အသက်အန္တရာယ်ရှိနေပြန်ပြီ.

ပိုဆိုးတာကsystemက သူမကိုညစ်ဖို့အခွင့်အရေးကိုမပေးဘူ.

မူလဇာတ်ကြောင်းမှာတုန်းက ကျန်းဝမ်ကဇာတ်လမ်းရိုက်နေတုန်းဘဲ.အဲတာကြောင့်သူမမှာဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိဘူး။.ဒါ​ပေမယ့် အဓိကဇာတ်လိုက်မက ဒီ​နေရာမှာ​ရောက်​နေခဲ့တာမို့လို့ ဒီဖြစ်စဥ်ကိုအ​သေးစိတ်​ဖော်ပြထားတယ်.

ရှီရှန်း ကဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်.ဒါပေမဲ့ဇာတ်လိုက်ကို မတွေ့ရ​သေးဘူး

သူမသိချင်တာက ဇာတ်လိုက်မကဒီအခန်းတွေထဲမှာရှိလားမရှိလားဆိုတာဘ.

မူလဇာတ်​ကြောင်းမှာတုန်းက ဒီဖြစ်စဥ်မှာပဲ ရှမန်က သူနဲ့ရှီမိုရဲ့ဆက်ဆံရေးကိုသိတဲ့ လုချင်းယွင်ကိုကယ်တင်လိုက်တယ်

ရလဒ်အနေနဲ့ သူနဲ့ရှမန်နဲ့က ပိုပြီးရင်းနှီးသွားကြတယ်.

အပြင်ဘက်မှာရဲတွေက ဝိုင်းထားကြတယ်ဓားမြတွေကလည်း အခန်းထဲမှာရှိတဲ့လူတွေကို အပြင်ဘက်ကိုဆွဲထုတ်လာကြတယ်

ရှမန်ကလည်း အဲ့ဒီအခန်းကနေထွက်လာပြီးခပ်ဝေးဝေးကို လျှောက်လာရတယ်.

အားကစား၀တ်စုံကို ၀တ်ဆင်ထားဆဲဖြစ်တဲ့ရှမန်ရဲ့မျက်နှာက​ အေး​အေး​ဆေး​ဆေးဖြစ်​နေတယ.  သူမက ဓါးပြ​တွေခိုင်းတဲ့အတိုင်း​နာနာခံခံ လျှောက်လာပြီး​တော့ ရှီရှန်းတို့အနားမှာ လာထိုင်တယ်.

ဇာတ်လိုက်မရဲ့ ခပ်​အေး​အေးအပြုအမူ​ကြောင့် ရှီရှန်းက သူမကို မကြည့်ဘဲမ​နေနိုင်ဘူး

"ဘေးကိုဖယ်စမ်း..!!" လို့ ရှီရှန်းရဲ့အ​ရှေ့မှာ ပိတ်ရပ်နေတဲ့ဓားပြတစ်ယောက်က ဒေါသအော်​​ငေါက်လိုက်ပြီး အခန်းထဲကိုဝင်လာခဲ့တယ.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now