Arc 2.11

3.7K 482 10
                                    

Unicode

"သခင်​လေးလု... ရှင်ကျွန်မကို ဘာလို့ စပွန်ဆာမ​ပေးချင်ရတာလဲ "
ရှီရှန်းက လုချင်းယွင်ကို မှီထားရင်းနဲ့ညင်ညင်သာသာ​လေး​ပြောလိုက်တယ်​
ဘေးနားကဖြတ်​​လျှောက်သွားတဲ့ ရှမန် "........"
ရှမန်က လုချင်းယွင်ရဲ့ရင်ခွင်ထဲမှာ​ရောက်​နေတဲ့ ရှီရှန်းကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
'ကျန်း၀မ်က အရမ်းထူးဆန်းတဲ့မိန်းက​လေးပဲ'

"အရင်ဆုံး သင်္ဘောသီးများများ စားလိုက်ပါအုံး ပြီးရင်ကိုယ်စဥ်းစားကြည့်​ပေးမယ်​လေ "
'သင်္ဘောသီးတဲ့လား !!!!'
ရှီရှန်းက ကိုယ့်ရင်ဘတ်ကိုယ်ပြန်ငုံ့ကြည့်ပြီးတဲ့အခါမှာ​တော့ မျက်နှာအမူအရာ​ပြောင်းလဲသွားတယ်
[ TN /သင်္ဘောသီးစားရင် ကိတ်ပါတယ် အမိတို့😂😂😂 ​လေယာဥ်​ပြေးလမ်းမများနဲ့ ခြင်ကိုက်ဖုများအတွက် ​ဆေး​ကောင်းတစ်လက်ပါ😂😂😂]
'ဒီ​ခွေးသူ​တောင်းစား​ကောင်က ငါ့ရင်ဘတ်ကို​သေးတယ်လို့​ပြောလိုက်တာလား !!!!
ငါနင့်ကို သတ်မယ် !!!!! '
လုချင်းယွင်က ရှီရှန်းကို တွန်းလိုက်ပြီး​တော့ မချိုမချဥ်ပြုံးလိုက်တယ်
"ကိုယ့်​နောက်ကို ဆက်မလိုက်နဲ့​တော့ မဟုတ်ရင် မင်းကို အ​​သေဆိုးနဲ့​သေ​အောင် လုပ်မိသွားလိမ့်မယ် "
"မဖြစ်နိုင်ဘူး ရှင့်သူငယ်ချင်းစုရီရှိုးက ရှင့်ကို ကျွန်မဆီအပ်ထားခဲ့တာ​လေ ကျွန်မရှင့်ကို ဂရုစိုက်​ပေးရလိမ့်မယ် ကျွန်မက ကတိ​ပေးထားတဲ့ကိစ္စကို အဆုံးထိတာ၀န်ယူတတ်တဲ့လူပါ​နော် "
ရှီရှန်းက လုချင်းယွင်​နောက်ကို ဆက်လိုက်သွားတယ်သူမသာ သူ့ကို ထွက်သွားခွင့်ပြုလိုက်ရင် သူ့ကိုဘယ်မှာထပ်ပြီးသွားရှာရ​တော့မှာလဲ
"မင်း ဒီလိုလုပ်မယ်ဆိုရင်​တောင် သူကမင်းကိုကြိုက်မှာမဟုတ်ဖူး သူက ​ယောက်ျား​တွေကိုပဲ ကြိုက်တာ "
'​ယောက်ျား​တွေကို ကြိုက်တယ်တဲ့လား!!!! စုရီရှိုးကို ဒီလိုလူလို့ မထင်ထားမိဘူး'
~နေပါအုံး...ငါ​လေးကလည်းသူငါ့ကိုလာမကြိုက်​စေချင်ပါဘူး​နော်~
ရှီရှန်းက စိတ်ရှုပ်သွားတာ​ကြောင့် ခန​လောက်သတိလွတ်သွားတယ်
သူမတစ်ခုခုပြန်​ပြောဖို့လုပ်တဲ့အခါမှာ​တော့ လုချင်းယွင်က ​သူမရဲ့လက်ကိုဖြုတ်ချပြီး လူ​တွေစု​နေတဲ့နားကို​​လျှောက်သွားပြီဖြစ်တယ်
ရှီရှန်းရဲ့မျက်နှာကလည်း​မှောင်မိုက်သွားပြီး​တော့ လုချင်းယွင်ရဲ့အ​နောက်ကိုလိုက်သွားတယ်
"လုချင်းယွင် နည်းနည်း​လောက်ပြန်စဥ်းစားကြည့်ပါလား ကြည့်စမ်းပါ ကျွန်မက ဘယ်​လောက်အသုံး၀င်လဲ ကျွန်မက စ​တော့ရှယ်ယာ​​ဈေးကွက်ကိုလည်း နားလည်တယ် စီးပွား​ရေးခည်းလုပ်နိုင်တယ် ပိုက်ဆံလည်းရှာနိုင်တယ် ရှင့်ရန်သူတွေကိုလည်း ကူပြီး​တော့ ဒုက္ခ​ပေးနိုင်တယ်  ရှင်သာကျွန်မကို စပွန်ဆာ​ပေးမယ်ဆိုရင် ရှင့်ကို ဘ၀ရဲ့​အောင်မြင်သူစစ်စစ်ဖြစ်​အောင်  ကူညီ​ပေးပါ့မယ် ရှင်ကကံ​ကောင်းလွန်းတယ်ဆိုရင်​တောင်မှ ကျွန်မလောက်​ကောင်းတဲ့လူကိုရှင်ဘယ်မှာမှရှာလို့မ​တွေ့နိုင်​တော့ဘူး  ဒီအခွင့်အ​ရေးကိုသာ မဖမ်းဆုပ်နိုင်ရင် ​နောက်ထပ်အခွင့်အ​ရေး​တွေ ထပ်ရနိုင်မှာမဟုတ်​တော့ဘူး​နော် "
System "....."
[ 'ငါ့ရဲ့ hostကသာ မိမိကိုယ်ကိုကြွား၀ါတတ်တဲ့သူမဟုတ်ဖူးဆိုရင် ငါအခါတစ်ရာ​​လောက် bugအ၀င်ခံလိုက်မယ်']သခင်​လေးလုက ရှီရှန်းရဲ့တစ်ဖက်သတ်အမွှန်းတင်မှု​တွေကို လုံး၀လျစ်လျူရှုထားလိုက်တယ်သူက ရှီရှန်းကို တွန်းမထုတ်​တော့ဘူးဆို​ပေမယ့်လည်း သူ့ရဲ့အကြည့်​တွေက​တော့ တစ်ခုခုကိုကြိတ်ပြီးစီစဥ်​နေသလိုမျိုး တလက်လက်​တောက်ပ​နေတယ်
ရှီရှန်းက ​တော်​တော်​လေးကို စိတ်မရှည်တတ်တဲ့လူစားမျိုးဆို​ပေမယ့် *​ရွှေအ​ချောင်းတစ်​ထောင်ကိုလက်ခံပါ*ဆိုတဲ့ တာ၀န်ကြီး​ကြောင့် သူမရဲ့စိတ်ကိုဆွဲဆန့်ထားရတယ်
လုချင်းယွင်ကသူမအတွက်ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ပိုက်ဆံသုံး​အောင်တိုက်တွန်းရတဲ့ကိစ္စက သူမပိုက်ဆံကို သူ့ကို​ပေးပြီးသူမအတွက် ပြန်သုံးခိုင်းရတာထက်​တောင်ပိုခက်​သေးတယ်
ကော်ရစ်ဒါ ဆီကို​လျှောက်သွားတဲ့လုချင်းယွင်ရဲ့အ​နောက်ကို  ရှီရှန်းက ကပ်လိုက်သွားတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now