Arc 4.31

2.4K 305 1
                                    

Unicode

ချီမင်ယွဲ့ရဲ့စကားက သူတို့ကို သွေးတွေဆူလာစေတယ်
' ဆိုလိုတာက အဲ့ကောင်လေးကိုဖမ်းလိုက်နိုင်ရင် ငါတို့ဒီကမ္ဘာကြီးကို အုပ်စိုးလို့ရပြီ‌ပေါ့ '

ချီမင်ယွဲ့က လေထဲအိမ်ဆောက်နေတဲ့လူတစ်သိုက်ကိုကြည့်ပြီး ရွဲ့ပြုံးပြုံးလိုက်တယ်
' ဟမ့် အဆင့်မြှင့်zombieတွေခြံရံနေတဲ့ Zombieဘုရင်ကြီးကို ဖမ်းဖို့က ခြင်ဖမ်းသလိုမျိုးလို့ထင်နေသလား

ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ပစ်မှတ်ကို အာရုံပြောင်းအောင် ကောင်းကောင်းလုပ်ကြမဲ့ပုံပဲ

ငါပစ်မှတ်က ...ကုနန်းကိုသတ်ပစ်ဖို့ပဲ  '

သူတို့အသက်ရှင်နေရတဲ့အကြောင်းရင်းက အဖွဲ့ခေါင်းဆောင်က လုံခြုံရေးကြပ်တင်းပြီး စည်းကမ်းကြီးသောကြောင့် သူတို့တွေ ဂိတ်ကိုဖြတ်တော့ ဂိတ်စောင့်ကစစ်မေးတယ်

" မင်းတို့ ဘယ်သွားကြမလို့လံ "

" ကျွန်တော်တို့က ရိက္ခာထွက်ရှာမဲ့အဖွဲ့ပါ "

ဒါက သူတို့တွေ ကြိုတိုင်ပင်ထားတဲ့ ဆင်ခြေပဲဖြစ်တယ် ဂိတ်စောင့်လည်းထပ်မ‌မေးတော့ဘဲ ထွက်မဲ့အရေတွက်ကို စစ်လိုက်ပြီး အပြင်ထွက်ခွင့်ပေးလိုက်တယ် သူတို့တွေ စခန်းကထွက်လာတဲ့အချိန် ဆန်အိတ်တွေယူလာတဲ့ ဆောင်းရှီတို့အဖွဲ့နဲ့ဆုံလေတယ်ချီမင်ယွဲ့က ဆောင်းရှီကိုတွေ့တာ ဒါပထမဆုံးမဟုတ်ပေမဲ့ မျက်နှာချင်းဆိုင်တွေ့တာကတော့ ပထမဆုံးအခေါက်ပဲ

ချီမင်ယွဲ့က တော်တော်လေးပြောင်းလဲသွားတာကြောင့် ဆောင်းရှီကစစချင်းတုန်းက သူမကိုမမှတ်မိဘူးသူမကအရင်ကပိုလှပြီး တောက်တောက်ပြောင်ပြောင်တွေပဲ ဝတ်တတ်တာလေချီမင်ယွဲ့က အကောင်ကြီးကြီးဖမ်းမိထားတယ်နဲ့တူတယ် ဆောင်းရှီက ‌ခေါင်းဆောင်လုနားက မိန်းမတစ်ယောက်အကြောင်း သူများတွေပြောနေတာ ကြားပေမဲ့ အဲ့သူကချီမင်ယွဲ့ဖြစ်မယ်လို့ မထင်ထားဘူး

" အကိုဆောင်း ဘာလဲ သူမကိုသိတာလား "
ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်က စိတ်ဝင်တစားမေးလာတယ် ဆောင်းရှီက လှည့်လိုက်ပြီးပြုံးပြလာတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now