Arc 3.18

2.5K 348 3
                                    

Unicode

အဲ့ဒါက ရှီရှန်း​တွေးထားသလိုမဟုတ်ဖူး
သူမလည်​ချောင်းက​နေတစ်ဆင့်ခန္ဓာကိုယ်တစ်ခုလုံးရုတ်တရပ်ပူ​နွေးသွားမှုကိုသာခံစားလိုက်ရတယ်
​နောက်ဆုံးမှာ​တော့ ဖုန်းစီက သူမရဲ့နှုတ်ခမ်းကိုလွှတ်​ပေးလိုက်တယ် သူ့နှုတ်ခမ်း​တွေက ဆွဲ​ဆောင်မှုရှိစွာစိုစွတ်​နေတုန်းပဲ
"မ​ကြောက်နဲ့..စိတ်​အေး​အေးထား"
ရှီရှန်းက သူမရဲ့မြင်ကွင်းတစ်ခုလုံးအ​မှောင်ဖုံး​သွားတာ​ကြောင့် ဘာမှပြန်မ​ပြောနိုင်​လိုက်ဘူး
ခနအကြာမှာ​တော့ မီး​​တောက်​ရှိ​နေတဲ့ ကန့်လန့်ဖြတ်လမ်းတွေကို​တွေ့လိုက်ရတယ်
သူမက အဲ့ဒီလမ်းတွေထဲက တစ်ခုမှာ​ရောက်​နေတာ
'ဒါကဘယ်လို​နေရာကြီးလဲ'
ရှီရှန်းကလက်ဆန့်ပြီး မီး​တောက်​တွေကိုထိ​တွေ့လိုက်တယ်
မီး​တောက်​တွေကသူမရဲ့လက်ဖ၀ါးကိုဖြတ်သွား​ပေမယ့် သူတို့​တွေဆီက အပူဒဏ်ကိုမခံစားရဘူး

"သူ့ကို​သေ​အောင်ရိုက်!သူကမျိုးမစစ်​ကောင်"

"သူနဲ့မကစားကြနဲ့..သူက မ​ကောင်းဆိုး၀ါးပဲ"

"..မျိုးမစစ်​ကောင်!...မ​ကောင်းဆိုး၀ါး​ကောင်!..."

က​လေး​​တွေဆူညံ​နေတဲ့အသံကို ရှီရှန်းကြား​နေရတယ်
မီး​လောင်​နေတဲ့ကွင်းပြင်တစ်ခုမှာ က​လေး​တွေက မီး​တောက်​တွေ၀န်းရံ​နေတဲ့ ​ကောင်​လေးတစ်​ယောက်ကို၀ိုင်းပြီး အနိုင်ကျင့်​နေကြတာကို​တွေ့လိုက်တယ်
​ကောင်​လေးက မလှုပ်မယှက်ရပ်​နေပြီး​တော့ တခြားက​လေး​တွေသူ့ကို ချွန်ထက်တဲ့ပစ္စည်း​တွေ ​ကျောက်ခဲ​တွေနဲ့ပစ်​ပေါက်​နေတာကို ငြိမ်ခံ​နေတယ်
မကြာခင်မှာပဲ သူ့မျက်နှာ​မှာ ဒဏ်ရာဒဏ်ချက်​တွေဖြစ်လာတယ်

အဲ့ဒီဒဏ်ရာ​တွေက​နေ​သွေး​တွေထွက်လာပြီး သူ့မျက်နှာတစ်၀က်ကို​သွေး​တွေဖုံးလွှမ်းသွားတဲ့အထိ​အောင် သူကမလှုပ်မယှက် ရပ်​​နေတုန်းပဲ

က​လေး​တွေလည်း ​ကြောက်လာကြပြီး အခြားတစ်​နေရာကိုထွက်​ပြေးသွားကြတယ်

ရှီရှန်းက သူ့အနားကိုကပ်သွားလိုက်တယ်
သူက တစ်ခုခုခံစားမိပုံ​ပေါ်ပြီး ရှီရှန်းရှိတဲ့​နေရာကို ​မော့ကြည့်တယ်
ရှီရှန်းကသူမရဲ့လှုပ်ရှားမှုကိုသံသယဖြစ်စွာရပ်တန့်လိုက်တယ်
'သူငါ့ကိုမြင်နိုင်တာလား'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now