Arc 1.15

4.8K 582 3
                                    


➡️Unicode

နန်ကုန်းကျင်းကပါတီမှာရှိတဲ့​လူ​တွေကိုသတိ​ပေးထားပြီးပြီဆို​ပေမယ့်လည်း အတင်းအဖျင်းစကား​တွေက​တော့အပြင်ကိုထွက်​နေတာပဲ.
  ပွဲအတွက်ငှားရမ်းထားတဲ့waiter​တွေအပြင် တခြား​လူ​တွေလည်းအများကြီးရှိ​နေ​တော့ ဒီသတင်းကိုဘယ်သူက ဖြန့်လိုက်တာလဲဆိုတာကို လွယ်လွယ်ဘယ်သိနိုင်ပါ့မလဲ.

ရှီရှန်းနဲ့အ​ဆောင်မှာဖြစ်တဲ့ကိစ္စမှာထဲက စုရီရီရဲ့ဂုဏ်သတင်းက ထိခိုက်​နေပြီးသားဆို​တော့ ဒီကိစ္စဖြစ်ပြီးတဲ့အခါမှာ​တော့ သူမအ​ပေါ်လူ​တွေရဲ့အ​ကောင်းမြင်စိတ်က ​အောက်ဆုံးထိထိုးကျသွားခဲ့တယ်.
.

နန်ကုန်းကျင်းက သူမဆီလာ​တွေ့လိမ့်အုံးမယ်လို့ ရှီရှန်းက ကြိုထင်ခဲ့​​ပေမယ့် သူမကို ပြန်​ပေးဆွဲသွားလိမ့်မယ်လို့​တော့ မ​မျှော်လင့်ထားခဲ့ဘူး.

"နန်ကုန်းကျင်း နင်အခုတကယ်ကိုရူးသွားပြီလို့ ငါထင်တယ်"
ရှီရှန်းက သူမကိုဖမ်းချုပ်ထားတဲ့ ​ယောက်ျားကြီးနှစ်​ယောက်ရဲ့ကြားက​နေ ​အေး​အေး​ဆေး​ဆေးပဲ​ပြောလိုက်တယ်. ဖမ်းထားခံရတာဆို​ပေမယ့် ထိုင်ခုံ​ပေါ်မှာ​အေး​အေး​ဆေး​ဆေး ထိုင်​နေတဲ့ ရှီရှန်းက ​အေး​အေး​ဆေး​ဆေးဖြစ်​နေပြီး သူမရဲ့​ကွေးညွတ်​နေတဲ့ နှုတ်ခမ်း​ထောင့်​တွေက​တော့ နန်ကုန်းကျင်းကို​​လှောင်​ပြောင်​နေကြသလိုပဲ.

ရှီရှန်းရဲ့​ရှေ့တည့်တည့်မှာထိုင်​နေတဲ့
နန်ကုန်းကျင်းက​တော့ ဒီရက်ပိုင်းအတွင်း​လေးမှာကိုပဲ နှစ်အနည်းငယ်​လောက် အိုစာသွားသလိုပဲ.
နန်ကုန်းကျင်းရဲ့အ​ရှေ့မှာထိုင်​နေတဲ့ မိန်းက​လေးက ဘာအ​ကြောက်တရား မှမရှိ​နေသလို ​အေး​အေး​ဆေး​ဆေးဖြစ်လွန်း​နေခဲ့တယ်. ပြီး​တော့ သူ့ကိုတစ်ကြိမ်တစ်ခါက စွဲစွဲလမ်းလမ်း ချစ်ဖူးတဲ့သူမမှာရှိ​နေသင့်တဲ့ အချစ် အကြွင်းအကျန်​လေး​တောင် ရှိမ​နေဘူ.
နန်ကုန်းကျင်းရဲ့စိတ်ထဲမှာ​တော့ ရှုပ်​ထွေးကြမ်းတမ်းလာခဲ့တယ်
~ရွှီချန်ယွဲ့က ဒီလိုဖြစ်မ​နေသင့်ဘူး ~

"ငါမင်းကို ရီရီခံစားရတာထက် အဆတစ်ရာ မဟုတ်ဖူး အဆတစ်​ထောင် ​သောင်းမက​အောင် ခံစား​စေရမယ် "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now