Arc 3.19

2.5K 336 1
                                    

Unicode

ဒီ​နေရာမှာ အချိန်ကုန်တာအရမ်းကိုမြန်လွန်းတယ်
ဖုန်းစီနဲ့ရှီရှန်းတို့က သူမနတ်၀ိညာဥ်အဆင့်ကိုတက်​လှမ်းနိုင်တဲ့အချိန်ထိ ဒီ​နေရာမှာပဲ​နေခဲ့ကြတယ်
ဖုန်းစီရဲ့မီး​တောက်စွမ်းအား​ကြောင့် ရှီရှန်းရဲ့ကျင့်ကြံဆင့်တက်နှုန်းက လုံး၀ကို​ချော​မွေ့တယ်
နတ်၀ိညာဥ်အဆင့်ပြီးတဲ့​နောက်မှာ ကျန်ရှိတာက ​ကောင်းကင်ဘုံသို့တက်လှမ်းခြင်း ဆိုတဲ့​နောက်ဆုံးအဆင့်သာဖြစ်ပြီး ကံအလွန်​ကောင်းမှသာ အဲ့ဒီအဆင့်ကို ​အောင်မြင်စွာ​ကျော်ဖြတ်နိုင်မှာဖြစ်တယ်

နတ်၀ိညာဥ်အဆင့်ပြီးတဲ့အခါမှာ ​ကျော်ဖြတ်စရာအခြားအတားအဆီးမရှိ​တော့ဘဲ  ​ကောင်းကင်ဘုံသို့တက်လှမ်းခြင်း အဆင့်အတွက် စမ်းသပ်ချက်တစ်ခုကသာ ပြင်းပြင်းထန်ထန်ရင်ဆိုင်ရမယ့်အရာဖြစ်တယ်
တချို့လူ​တွေက နှစ်​ပေါင်းရာ​ထောင်ချီတဲ့အထိ ဒီစမ်းသပ်ချက်ကို မကြုံ​တွေ့ရဘဲ နတ်၀ိညာဥ်အဆင့်မှာသာ ရပ်တန့်​​နေကြရတယ်ဒီစမ်းသပ်ချက်ဟာ သူမတို့​လောလို့ရတဲ့အရာမဟုတ်တဲ့အတွက် ရှီရှန်းက သူမတို့​ရောက်​နေတဲ့ ​ချောက်နက် ထဲက ထွက်လာပြီး ဖုန်းစီနဲ့အတူတူ နှစ်​ကာလတွေကို ဖြတ်သန်း​နေတယ်
​ချောက်နက်ရဲ့အပြင်ဖက်က စွန့်ပစ်နယ်​မြေဖြစ်တယ်နှစ်​ပေါင်းများစွာကြာ​အောင်ပုန်း​နေတဲ့ ပူတင်း ​လေးကိုရှီရှန်းက​​ခေါ်ထုတ်လိုက်တယ်
စိတ်​ကောက်​နေတဲ့ပူတင်း​လေးက ခပ်​သေး​သေးပုံစံနဲ့သာထွက်လာ​ပေမယ့် ဖုန်းစီနဲ့ ခပ်စူးစူးအကြည့်နဲ့ရင်ဆိုင်ရပြီးတဲ့အခါမှာ​တော့ သူရဲ့မူလအရွယ်အစား ဖြစ်တဲ့နဂါးအသွင်ကို​ပြန်ပြောင်းလိုက်တယ်
ဖုန်းစီက ရှီရှန်းကိုပူတင်း​လေးရဲ့​ကျော်​ပေါ်တင်​​ပေးလိုက်တယ်
သူက ရှီရှန်းကို လုံး၀လက်မလွှတ်​တော့မယ့်ပုံပဲ
သူက ရှီရှန်းနဲ့ အချိန်အကြာကြီး အတူ​နေခဲ့​ပေမယ့် ​ချောက်နက်ထဲမှာရှိ​နေခဲ့တုန်းက သူမက အချိန်ပြည့်နီးပါးကျင့်ကြံ​နေတာ​ကြောင့် သူ့မှာ ရှီရှန်းကို စိုက်ကြည့်​နေရင်ကြည့်​နေ မဟုတ်ရင်သူတို့နားကိုကျူး​ကျော်လာတဲ့ သတ္တ၀ါ​တွေကို အမဲလိုက်တာမျိုးနဲ့ပဲအချိန်ကုန်ခဲ့ရတယ်
ဒါ​ပေမယ့် အခု​တော့ သူက ရှီရှန်းကို​နောက်တစ်ကြိမ်ပြန်​ပွေ့ဖက်ခွင့်ရခဲ့ပြီမို့ ဗလာဖြစ်​နေတဲ့ သူ့နှလုံးသားကလည်း​ကျေနပ်သွားပြီမို့ သူမကို​နောက်တစ်ကြိမ်လက်မလွှတ်ချင်​တော့ဘူး

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now