Arc 2.8

4K 494 2
                                    

Unicode

"ဟက်.စပွန်ဆာ" ရှီရှန်းမသိစိတ်ထဲက ဖြစ်ချင်နေတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်

"ဘာ!!! စပွန်ဆာ?"
~ငါ့မင်းသမီးက တကယ်ကြီး စပွန်ဆာရှိနေတာလား~

ရှီရှန်းက စကားမှားထွက်မိသွားသလို ခေါင်းကိုပဲခါနေလိုက်တယ်.
ဒီတော့မှ ထန်းရင်းလည်း သက်ပြင်းချနိုင်တော့တယ်.

ဒီလိုကိစ္စတွေက ရုပ်ရှင်လောကထဲမှာ ဖြစ်နေကျဆိုပေမဲ့ သရုပ်ဆောင်တွေအတွက်အဆုံးသတ်မှာ ကောင်းကျိုးမပေးဘူး.
ထန်းရင်းစိတ်ထဲ တော်ပါသေးတယ်လို့ တွေးနေတုန်းရှိသေး. ရှီရှန်းကထပ်ပြောလာတယ်

"အနာဂတ်က ငါ့ရဲ့စပွန်ဆာ"
လေးနက်သောအသံနဲ့ရှီရှန်းပြောလိုက်တာကို ထန်းရင်းကြားလိုက်တဲ့အခါ ခေါင်းတွေထိုးကိုက်သွားရတယ်.

"ဖူး..." (ရေသီးတဲ့အသံလိုမျိုးလေး XD)

ထန်းရင်း စိတ်ထဲတော်တော်ရင်မောနေပြီ.
~ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်ဖို့ မွေးလာတာလား?~

ရှီရှန်းရဲ့ အနာဂတ်စပွန်ဆာကြီးကတော့ သူ့ကားနောက်ခန်းမှာ ငြိမ့်ငြိမ့်ကြီးထိုင်နေပြီး လက်ဆော့နေတယ်. သူ့မျက်လုံးတွေထဲမှာ အပြုံးတွေကလည်း အထင်းသား. သူ့ပုံကအတော်လေး ပျော်နေပုံရတယ်။

ကားမောင်းနေတဲ့သူက လုချန်းယွင်ကို အကြိမ်အနည်ငယ်ကြည့်ပြီးတော့ သူ့ရဲ့အပြုံးကိုမြင်တဲ့အခါ မမေးဘဲမနေနိုင်တော့ဘူး
" လုချန်းယွင်...မင်းပြုံးနေတာလား။ ညရောက်နေပြီလေ. မင်းအပြုံးတွေက ငါရဲ့မရှိမဲ့ရိမဲ့ နေရောင်လေးတွေကို သိမ်းဆည်းတော့မယ့်ပုံ ပေါက်နေတယ်.

ကားထဲမှာ နူးညံ့ပျော့ပျောင်းတဲ့ဂီတသံနဲ့ပဲ ပြည့်နေတယ်။ ထိုသူက သူ့ရဲ့မေးခွန်းများအတွက် အဖြေပြန်မရခဲ့ဘူး. ဒါဟာဖြစ်နေကျဆိုတော့ သူက တခြားခေါင်းစဉ်ပဲပြောင်းလိုက်တော့တယ်.

"မင်းပြည်မကြီးကိုပြန်လာရတာ အားမရသေးလို့ ရဲစခန်းပါအလည်အပတ်သွားခဲ့တာလား. ဒီနေရာက နိုင်ငံခြားနဲ့မတူဘူးလို့ ငါပြောထားတယ်မလား အရှုပ်ထုပ်တွေ မဖန်တီးနဲ့ ငါ့ကိုမသနားဘူးလား? ဟမ်. ထပ်ပြီး အရှုပ်တွေထဲ မပါနဲ့တော့ ကိုယ်တိုင်လည်းမလုပ်နဲ့"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now