Arc 3.8

2.8K 387 3
                                    

Unicode

ရှီရှန်းက လင်းရီရီကို ဖုန်းစီ နဲ့ ပူတင်း​လေးတို့ဆီ​ခေါ်သွားတယ်
ရှီရှန်းရဲ့စကား​တွေကို ​သေချာပြန်စဥ်းစား​နေတဲ့လင်းရီရီက ထူးဆန်းတဲ့ဖိအားတစ်ခုကို မခံစားမိခင်မှာ သူမအ​ရှေ့မှာရှိ​နေတဲ့သူက ဘယ်​လောက်​တောင်အင်အားကြီးမားပြီး​ကြောက်ဖို့​ကောင်းတဲ့သူလဲ ဆိုတာကိုသတိမထားမိဘူး
သူမက​မြေပြင်​ပေါ်ကိုလဲကျသွားပြီး အံ့သြတဲ့အကြည့်နဲ့ကြည့်​နေတယ်

ရှီရှန်းရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ဖုန်းစီက လင်းရီရီကို ​ဒေါသတကြီးကြည့်​နေတယ်အဲ့ဒီအကြည့်​ကြောင့် လင်းရီရီရဲ့နှလုံးသားထဲမှာ ကြက်သီးတစ်ချက်ထသွားပြီး ​ကျောက်တုံးကြီးတစ်တုံးကိုဆွဲထားရသလို​လေးလံလာတယ်
"ဘာလုပ်မလို့လဲ.."
ရှီရှန်းကဖုန်းစီကိုမျက်​စောင်းတစ်ချက်ထိုးလိုက်တယ်
"သူက ကျွန်မရဲ့တူမ​လေး..ရှင့်....သိရဲ့လား ဂိုဏ်းတူ တူမ​လေး.... မဟုတ်တာ​တွေ​လျှောက်​တွေးမ​နေနဲ့.."

"သူမ မင်းကိုထိဖို့ကိုယ်ခွင့်မပြုနိုင်ဘူး "

ဖုန်းစီရဲ့အသံက အရမ်းကို​အေးစက်ပြီးပြတ်သား​နေတာ​ကြောင့် လင်းရီရီရဲ့ နှလုံးသား​လေးတုန်ယင်သွားရတယ်

'ဆရာ​ရေ..သမီးကိုမြန်မြန်လာကယ်ပါ..မ​ကောင်းဆိုး၀ါး​တစ်​ကောင်​ရောက်​နေပါတယ်..၀ူး..၀ူး.....'

ရှီရှန်းကမျက်​မှောင်ကြုတ်လိုက်တယ် သူနဲ့သာဆက်ပြီးငြင်းခုန်​နေအုံးမယ်ဆိုရင်လည်း ဘာမှထူးမှာမဟုတ်ဖူး  ဖုန်းစီပိုစိတ်ဆိုးလာပြီး လင်းရီရီပဲ ပြသနာတက်သွားလိမ့်မယ် အဲ့ဒါ​ကြောင့်ရှီရှန်းက သူတို့ကို လျစ်လျူရှုထားလိုက်တယ်

'အနည်းဆုံး​တော့ နင်အသက်ရှင်​နေနိုင်ပါ​သေးတယ် ..ငါသာ နင့်ဘက်ကဆက်ပြီးကူ​ပြော​နေမယ်ဆိုရင် ဖုန်းစီက နင့်ကိုအရိုးတခြားအသားတခြားဖြစ်​အောင်လုပ်ပစ်လိမ့်မယ်..'

.........​

ကောင်းကင်ဘုံစွန်း​တောင်ထွဋ်ကို​ရောက်တဲ့အခါမှာ လင်းရီရီကသူမဆရာ​နောက်ကို​ပြေးပုန်းပြီး ဖုန်းစီကိုတိတ်တ်ိတ်​လေးပြန်​​ချောင်းကြည့်​နေတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now