Arc 2.19

3.2K 389 0
                                    

Unicode

တစ်နေကုန်ရိုက်ကူးရေးလုပ်ခဲ့ကြတာမို့လို့ ည
ဘက်မှာတော့ အဖွဲ့သားအားလုံး ညစာစားနေ
ကြတယ်။
ဟိုတယ်တံခါးကို ဖွင့်ပြီး ဝင်လာတဲ့
အမျိုးသားတစ်ဦးကိုတွေ့တော့ မိန်းမပျိုလေး
တချို့ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့တယ်။
"Ah Mo. "
ရှရွှမ်း အသံလာတဲ့ အနောက်ဘက်လှည့်ကြည့်
လိုက်တော့ သူမမျက်နှာမှာအံ့သြစရာကောင်း
လောက်အောင်အံ့အားသင့်သွားသည်။
သူမက သူ့ကိုကြိုဆိုဖို့ရာ မတ်တပ်ရပ်လိုက်
တယ်။
"ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ
"မင်းငါနဲ့ ဆွေးနွေးစရာရှိတယ်ဆိုလို့လေ
စစ်ဆေးစရာတွေလည်းရှိနေတာနဲ့ ငါလာခဲ့
လိုက်တာ"
ရှီမိုက ရှီရှန်းကိုကြည့်နေရင်း ပုံမှန်အသံ
နဲ့ပဲ ဖြေလိုက်တယ်။ သူ့မှတ်ဉာဏ်ထဲက
သတ္တိနည်းပြီးအနေအေးတဲ့ မိန်းကလေးက
အခုတော့ကြောက်စရာအရှိန်အဝါတွေနဲ့ ပြည့်နေတယ်

ရှီရှန်းက brandတွေ၊ အလှပဆုံးမိတ်ကပ်
များနှင့်ဈေးကြီးသော အသုံးဆောင်ပစ္စည်း
တွေ ဘာတစ်ခုမှ မဝတ်ထားဘူး ပုံမှန် outfit
လေးပဲဝတ်ထားခဲ့တာ ဒါပေမဲ့ သူမဆီက
အရှိန်ဝါအကြီးကြီး ထွက်နေခဲ့တယ်
သူမရဲ့မျက်နှာမှာပေါ်ခက်ထန်မှုတွေဖြစ်နေပြီး
လုံးဝကိုအချေဆိုက် ဖမ်းထားခဲ့တယ်
ရှီရှန်းက ရှမိုကိုမကြိုက်တာကြောင့် ထွက်သွား
ဖို့ရန်ထခဲ့တယ်။ ဒါပေမဲ့ သူမဒီနေရာကနေ
သွားဖို့ဆိုရင် ဟိုနှစ်ယောက်ကို ဖြတ်သွားရမှာ
ဖြစ်တယ်)
ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ ရှီရှန်းက
ပြန်ထိုင်လိုက်တယ်။
ရှမိုက ရှီရှန်းကိုကြည့်နေရင်းနဲ့ပဲ ရှရွှမ်းနဲ့
စကားဆက်ပြောနေခဲ့တယ် ခနလောက်ကြာတဲ့
အခါမှာတော့ သူကထွက်သွားတော့တယ်
ရှရွှမ်းက ရှီရှန်းရဲ့ စားပွဲခုံဆီပြန်လာပြီး
"ကျန်းဝမ်၊ ငါ နင်ကိုဒီလောကထဲက မောင်း
ထုတ်ပစ်လို့ ရတော့မှာ သေချာနေပြီ" ဟု
အထင်သေးနေတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"တိုက်ဆိုင်လိုက်တာ ငါလုပ်မဲ့အရာနဲ့ အတူတူ
ပဲ". ရှီရှန်းက အနောက်ကိုမှီလိုက်တယ်။
“ ဘယ်သူ့ကို ဘယ်သူ့ကို အရင်ဆုံးမောင်း
ထုတ်မှာလဲဆိုတာ ငါတို့စောင့်ကြည့်ကြတာ
ပေါ့”
ရှရွှမ်းကဒေါသတကြီးနဲ့ အော်ဟစ်လိုက်
သည်။
"ငါ့ကို အနုပညာအသိုင်းဝိုင်းထဲက မောင်း
ထုတ်မယ်?!! ကျန်းဝမ် နင်နဲ့ ရှမန် ကုမ္ပဏီတစ်
ခု တည်ထောင်လိုက်တာနဲ့ပဲ ငါ့ကိုယှဉ်လို့ရ
သွားပြီလို့ ထင်နေတာလား? နင်ကတတိတဆ
င့် အနုပညာရှင်ပဲနော် ပထမဆင့်ပညာရှင်လို့
ကိုယ်ကိုကိုယ် ထင်ယောင်ထင်မှားဖြစ်နေတာ
လား, ငါ့ကိုရှင်းထုတ်နိုင်မယ်လို့ပေါ့၊"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now