Arc 3.9

2.9K 399 10
                                    

Unicode

မီးနဂါးဆီက​နေဖြာထွက်​နေတဲ့ စွမ်းအင်က ဂိုဏ်းချုပ်ကို ဖိနှိပ်ထားတယ်
ဂိုဏ်းချုပ်က သူ့ကိုဖိနှိပ်ထားတဲ့ မီးနဂါးကို တအံ့တသြ ကြည့်​နေရင်းနဲ့  အတားအဆီးနံရံတစ်ခုဖန်တီးလိုက်ပြီးကိုယ့်ကိုကိုယ် မနည်းပြန်ထိန်း​​နေရတယ်
ဒါ​ပေမယ့် အတားအဆီးက လုံ​လောက်​အောင်မကြံ့ခိုင်တာ​ကြောင့် နဂါးက မီး​တောက်တစ်ချက်မှုတ်လိုက်တာနဲ့ အက်ကွဲသွားတယ်
"အားစီ..."
ရှီရှန်းက ​ခေါ်လိုက်တယ်

ဖုန်းစီက ခန​လောက်တုန့်ဆိုင်းသွားပြီး မီးနဂါးကိုပြန်​ခေါ်လိုက်တယ်

ဒါ​ပေမယ့် သူက ဒီတိုင်းငြိမ်မခံနိုင်တဲ့အတွက် ဓါး​မြှောင်ပုံစံမီး​တောက်အချို့ကိုဖန်ဆင်းပြီး ဂိုဏ်းချုပ်ရဲ့ ၀မ်းဗိုက်ဆီပစ်လွှတ်လိုက်တယ်

"အာ့.!!!!.."

ဂိုဏ်းချုပ်က သူ့ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့စွမ်းအင်​တွေ၀င်လာပြီး တစ်ဆစီစုတ်ဖြဲခံရတော့မလို ခံစားလိုက်ရတယ်
ဒါ​တွေအကုန်လုံးက  ၁မိနစ်​လောက်အတွင်းမှာ ဖြစ်ပျက်သွားပြီး တခြားလူ​တွေစတင်တုန့်ပြန်တဲ့အချိန်မှာ​တော့ ဂိုဏ်းချုပ်က သူ့ဗိုက်ကိုဖိနှိပ်ထားပြီး ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်​ထောက်​နေရပြီ
"ဂိုဏ်းချုပ်...."

"...မင်းကများ..မင်းကများ ရာရာစစ ဂိုဏ်းချုပ်ကိုတိုက်ခိုက်ရဲတယ်..မင်းကတကယ်ပဲ ဘယ်က​ကောင်လဲ..."

ခန်းမထဲက လူ​တွေက သူတို့​ရဲ့လက်နက်​တွေကို ထုတ်ယူလိုက်ပြီး ရှီရှန်းနဲ့ဖုန်းစီကို ဆီကို တဖြည်းဖြည်းချဥ်းကပ်လာ​နေတယ်

"​ဟေး...!!!တရားမျှတမှုရှိရမယ်​လေ..သူကသာ ကျွန်မကို အရင်တိုက်ခိုက်ခဲ့တာ.."
ရှီရှန်းက ဖုန်းစီကို သူမ​ဘေးနားဆွဲလိုက်ပြီး သူမတို့ကို တိုက်ခိုက်​တော့မယ့်လူ​တွေကိုအော်​ပြောလိုက်တယ်

"ရှင်တို့​တွေ ကျွန်မကအခုမှအ​ခြေတည်အဆင့်ပဲရှိ​သေးတယ်ဆိုတာကို​မေ့​နေကြတာလား...ဂိုဏ်းချုပ်ရဲ့ အတွင်းအားအကုန်သုံးထားတဲ့ ဖိအားကို အသက်ရှင်လျက်​တောင့်ခံနိုင်​နေလိမ့်မယ်လို့များ ရှင်တို့ထင်​နေလား ဘာလဲ... အင်အားကြီးတဲ့လူ အမှားလုပ်တော့ ရှင်တို့ကမသိချင်​ယောင်​ဆောင်​ပေးပြီး  အင်အားနည်းတဲ့သူက ပြန်တိုက်ခိုက်​တော့မှ ဂိုဏ်းစည်းကမ်းကို​ဖောက်ဖျက်ရာ ကျသွားပြန်ပြီလား "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now