Unicode
ချူးနဥ်ထွက်သွားပြီးနောက်တစ်ရက်မှာ သူမသေသွားပြီဆိုတဲ့ သတင်းတွေစပြန့်လာတယ်
ချူးယဲ့ ကသူမအတွက်ခံစားချက်အချို့ကျန်ရှိနေသေးတဲ့အတွက် သူမအသတ်ခံလိုက်ရကြောင်းကြားရတဲ့အခါမှာ တော်တော်စိတ်ထိခိုက်သွားရတယ်ယဲ့ချင်ချိူးက ချူးယဲ့ကိုအခြားတစ်နေရာဆီခေါ်သွားဖို့ ဂိုဏ်းသားတွေကို စေခိုင်းလိုက်ပြီး အလောင်းကိုအုပ်ထားတဲ့အ၀တ်စကို သံသယဖြစ်စွာ ကြည့်လိုက်တယ်
'ချူးနဥ်ရဲ့အလောင်းကို ငါ သေသေချာချာရှင်းပစ်လိုက်ရဲ့သားနဲ့ အလောင်းက ဒီကိုဘာလို့ရောက်လာပြန်ရတာလဲ မဟုတ်မှလွဲရော ငါ ချူးနဥ်ကို သတ်လိုက်မှန်း တစ်ယောက်ယောက်က သိသွားပြီး ခြိမ်းခြောက်ချင်လို့များလား....ဘယ်သူများဖြစ်နိုင်မလဲ....'ယဲ့ချင်ချိုးက အခန်းထဲကို စိတ်ဒုက္ခရောက်နေတဲ့မျက်နှာနဲ့ ပြန်၀င်သွားတဲ့အခါ ချူးယဲ့ကအခန်းအလယ်မှာထိုင်နေတယ်
ချူးယဲ့ရဲ့ နာကျင်နေပုံရတဲ့မျက်၀န်းတွေကိုမြင်တဲ့အခါမှာ ယဲ့ချင်ချိုးက နှလုံးရပ်မလိုဖြစ်သွားပြီး သူ့ရှေ့ကို ဆက်မလျှောက်လာရဲတော့ဘူး
ချူးယဲ့ ရဲ့ မျက်လုံးတွေက နီရဲနေပြီး ယဲ့ချင်ချိုးကိုတွေ့တဲ့အခါမှာ သူမဆီ ပြေးလာပြီး ပွေ့ဖက်လိုက်တယ်
"ဂိုဏ်းချုပ်..."
ချူးယဲ့က သူမကို သံသယ၀င်မနေမှန်းသိမှသာ တောင့်တင်းနေတဲ့ခန္ဓာကိုယ်က ပြေလျော့သွားပြီး သူ့ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်တယ်
"သူက ကျွန်မအပေါ်မကောင်းကြံခဲ့တယ်ဆိုပေမယ့် လည်း ရှင့်ကိုကူပြီးသူမအတွက် လက်စားချေပေးပါ့မယ် "
ချူးယဲ့က ခန့်ညားတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်ရာထဲ စွမ်းရည်ကလည်းအတော်ကိုကောင်းမွန်တယ်
ယဲ့ချင်ချိုးက သူ့ကို မနှစ်သက်တာတော့မဟုတ်ပေမယ့် ခပ်ခွာခွာပဲနေလေ့ရှိခဲ့တယ်ဒါပေမယ့် အခုတော့ သူတို့က အတူတောင်အိပ်ပြီးနေပြီဆိုမှတော့ ဘာတွေစောင့်ထိန်းနေစရာလိုအုံးမလဲ
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...