Arc 2.24

3.2K 389 0
                                    

Unicode

အသားလုံး​လေးရဲ့fan​တွေက သူမကို​လှောင်​ပြောင်ချင်​နေတဲ့သူ​တွေကို ချက်ချင်းဖိနှိပ်နိုင်ခဲ့တယ်
တကယ်လို့ အဲ့ဒီလူက တရား၀င်accountမရှိတဲ့လူဖြစ်​နေရင်​တောင် သူကတကယ်ကိုအံ့သြစရာ​ကောင်းတဲ့လူဖြစ်​နေတုန်းပဲ​လေ
'မြင်လား အဲ့ဒီလိုလူမျိုးကမှ ငါတို့အသားလုံး​လေးရဲ့ ​နောက်ခံအင်အားဖြစ်​ပေးဖို့ ထိုက်တန်တဲ့လူပဲ'

ရှီရှန်းရဲ့ "goodnightပါ ကိုကို​လေးလုချင်းယွင်"ဆိုတဲ့postကို shareပြီး​တော့ဖန်းလီချိုးနဲ့ စုရီရိုးတို့ကပါ postအသစ်တင်ထားကြတယ်

ဖန်းလီချိုး  : အကိုကြီး​ရေ ကျွန်မကိုလည်း စပွန်ဆာ​မပေးချင်ဘူးလား
စုရီရှိုး  : အကိုကြီး​ရေ ကျွန်​တော့်ကို လစာ​လေးမ​ပေးချင်ဘူးလား

သူတို့၂​ယောက်ရဲ့ share post​တွေ​ကြောင့် online​ပေါ်မှာ ဂယက်ထသွားရပြန်တယ်

ဖန်းလီချိုးမှာ fan​တွေအများကြီးရှိတယ် သူတို့က သူမရဲ့ postကိုမြင်တဲ့အခါမှာ​တော့ ဘာမှမ​ပြောတတ်​လောက်​အောင်ဖြစ်သွားရတယ်

'ဘုရား​ရေ ငါတို့ရဲ့နတ်ဘုရားမဖန်းက weiboမှာ postတင်ပြီး​တော့​တောင် စပွန်ဆာ​တောင်​နေပါ့လား အမကြီး​ရေ နင်​လေးက ပွင့်ပွင့်လင်းလင်း​ပြောတတ်တဲ့လူဆိုတာ ငါတို့သိပါတယ် ဒါ​ပေမယ့် နည်းနည်း​လောက်ဟန်​ဆောင်​ပေးလို့မရဘူးလား '

'စုရီရှိုးက ရုံကျန်း အင်တာတိန်းမန့် ရဲ့ သူ​ဌေးမဟုတ်ဖူးလား သူလိုလူက​တောင် လစာ​ပေးဖို့​တောင်းပန်ရတယ်ဆိုရင် လုချင်းယွင်က boss ​တွေအထက်က big bossကြီး​ပေါ့ ဘုရား​ရေ ငါနားမလည်နိုင်​တော့ဘူး ​လောကကြီးကဘာ​တွေဖြစ်​နေတာလဲ တစ်​ယောက်​ယောက်ငါ့ကို လာမရှင်းပြချင်ဘူးလား လုချင်ယွင်ဆိုတာ တကယ်ပဲဘယ်လိုလူများပါလိမ့်'

အချို့လူတွေကလုချင်းယွင်အကြောင်းကိုစုံစမ်းချင်ပေမဲ့လက်တွေ့မှာတော့ ဘာကိုမှမဖော်ထုတ်နိုင်ခဲ့ဘူး

အဲ့ဒီအကောင့်ကလည်း profileပုံတင်မထားဘဲနဲ့လုချင်းယွင်ဆိုတဲ့နာမ်မည်တစ်ခုနဲ့သာဖွင့်ထားတယ်
သူတို့က ဘယ်လိုဆက်ပြီးတော့စုံစမ်းရဦးမှာလဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now