Arc 2.28

3.2K 407 3
                                    

➡️Unicode


ကျန်းကျိန်ကျိန်က သူမရဲ့အတန်းဖော်တွေဆီကနေ ကျန်းဝမ်ရဲ့လက်ထပ်မင်္ဂလာပွဲအကြောင်းကို သိခဲ့ရတယ်။  သူမက လွန်ခဲ့သောတစ်နှစ်က ကျန်းဝမ်ကိုတီဗွီတွင်သတိထားမိခဲ့ပေမဲ့ အဲ့တုန်းက ကျန်းဝမ်က ဇာတ်ရံမင်းသမီးအဆင့်ပဲ ရှိသေးတာဖြစ်တယ်။

ကျန်းကျိန်ကျိန်ကအဲ့တုန်းက အထင်သေးစွာ ဝေဖန်ကဲ့ရဲ့ခဲ့ပြီး သူမကပိုပြီး ကောင်းမွန်မြင့်မြတ်တယ်လို့ပဲ ယူဆခဲ့တယ်.

~သူမသာနာမည်ကြီးလာရင် ငါ့မျိုးရိုး ကျန်း မဟုတ်တော့ဘူး~

ဒါပေမဲ့ ဒါကသူမရဲ့ စိတ်ကူးထဲက အတွေးသာသာပဲ ဖြစ်ခဲ့တယ်.2

ဒီလအနည်းငယ်အတွင်း ကျန်းဝမ်နှင့်ပတ်သက်တဲ့သတင်းတွေ တဖြည်းဖြည်းများလာခဲ့တယ်။အခုတော့ ကျန်းဝမ်က ထင်ရှားကျော်ကြားလာခဲ့ပြီ။

ကျန်းကျိန်ကျိန်နဲ့ရင်းနှီသူ တချို့ကသူမနဲ့ တွေ့တဲ့အခါ ကျန်းဝမ်နှင့်ပတ်သက်ပြီး သူမအားမေးမြန်းကြပြီး သူမရဲ့အစ်မက ကျော်ကြားသူဖြစ်တာ ဘယ်လောက်ကံကောင်းကြောင်း ပြောကြလေတယ်.

ကျန်းကျိန်ကျိန်က သူမနှလုံးထဲကနေကို မနာလိုတိုရှည်တွေ ပွားနေခဲ့တယ်.

~အဲ့ဟာမက တကယ်ကြီးနာမည်ကြီးနေပြီ. အခုတော့ ချမ်းသာတဲ့မျိုးရိုးမြင့်နဲ့ပါ လက်ထပ်တော့မယ်ပေါ့~

ကျန်းဝမ်ရဲ့ ဒီလိုအခြေနေကြီးကို သူမ မနာလိုဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ? သူဌေးသားလေးနဲ့ ညားဖို့ဆိုတာ သူမရဲ့အိမ််မက်တစ်ခုပဲလေ.အခုတော့ သူမအိမ်မက်နဲ့ နီးအောင်ဘယ်လိုလုပ်ရမလဲ ကြံနေတုန်းရှိသေးတယ် ကျန်းဝမ်ကတော့ ပိုင်ဆိုင်နိုင်တော့မယ်.

သူမ မနာလိုအဖြစ်ရဆုံးက ကျန်းဝမ်မှာ သူမနာမည်ပေါက်နဲ့ ကုမ္ပဏီနှစ်ခုတောင် ပိုင်ဆိုင်ထားတာပဲ ဖြစ်တယ်.

~ငါ့မှာသာ ပိုက်ဆံရှိနေရင် လူချမ်းသာကို ဘာလို့ကပ်‌နေဦးမှာလဲ?~

  ~အဖေ၊ ကျန်းဝမ်ကိုကြည့်ဦး။ သူမကကျော်ကြားလာပြီး ကုမ္ပဏီတွေကိုပိုင်ဆိုင်ထားတယ်။ သမီးသူငယ်ချင်းတစ်ယောက်ကို မေးခဲ့တာ အဲဒီဖျော်ဖြေရေးကုမ္ပဏီရဲ့တန်ဖိုးအနည်းဆုံးဒေါ်လာသန်း ၂၀၀ လောက်ရှိတယ်တဲ့။ သူမမှာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလည်းရှိတယ်။  အဲ့ဟာမမှာ ငွေဘယ်လောက်ရှိမယ် ထင်လဲ?"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now