💔38💔(Par1)

38.8K 3.6K 2.6K
                                    

သိပ်ချစ်စရာကောင်းခဲ့သော အချစ်ဦးလေးရှိခဲ့လည်း
ကံကြမ္မာကြောင့် မတတ်နိုင်တဲ့အခါ
လက်လွှတ်ခဲ့ရတယ်....
ဒါပေမယ့် ဖူးစာပါခဲ့သော လက်တွဲဖော်ဟာ
ဘဝတစ်ခုလုံးစာအတွက် အလိုက်ဖက်ဆုံးဖြစ်ပြီး
အချစ်ဦးနဲ့လွဲလည်း အချစ်ရဆုံးနဲ့ မှန်ကန်သော
ချစ်တတ်ခြင်းတွေနဲ့အတူ ဘဝကို အေးချမ်းစွာ
ဖြတ်သန်းလို့ရကြောင်း သဘာဝလေးကသင်ပေးခဲ့တယ်။

KimNamJoon...🌿

မမေ့နိုင်ခဲ့တာကိုသိတယ်...မေ့လို့မရမယ့်ဖြစ်တည်မှု
လေးဆိုတာကိုလည်းသိပါရက်....
သဘာဝလေးရဲ့နှလုံးအိမ်လေးထဲ "ကလေး"ဆိုတဲ့
စကားလုံးလေးဟာ ဘယ်လိုအတ္တနဲ့ဖျက်ဖျက်
မပျက်သုန်းနိုင်တာသိတာမို့ လမင်းလေးကမသိချင်
ယောင်ဆောင်ပေးခဲ့တယ်.....။

အချစ်နဲ့အတ္တဟာ တစ်လမ်းစီ....
လက်ရှိသာလျှင်အရေးကြီးဆုံးမို့ လက်ရှိမှာ
KimNamJoon အချစ်ဆုံးယောကျ်ားဘယ်သူလဲမေး
Kim Seok Jin ကိုလက်ညိုးထိုးပြရင် ပွဲသိမ်းပြီလေ.....။

အတ္တမရှိတာမဟုတ်ဘူး....တစ်ခါတစ်လေကျ
အတ္တကိုမပြသခဲ့တာလည်း အတ္တကြီးတာပဲ....။
အဖြူရောင်ခြယ်သော အတ္တလှလှလေးတွေပေါ့...။

KimSeokJin🤍

.......................................................။

                                  အပိုင်း(၃၈)

"Hello Hoseok ငါRom
Jimin ထွက်လို့ရပြီ...အဲ့တာငါကမြို့ပြင်ရောက်
နေတယ် သူကားတောင်မယူဘူး
ဂျေသိသွားမှာစိုးလို့ ဒီတိုင်းပြေးနေတယ်တဲ့
ခု အိမ်အနားမှာပဲ ဝေးဝေးရောက်နိုင်အုန်းမှာမဟုတ်ဘူး
မင်းက ပိုနီးတယ်မလား ကားယူပြီးမြန်မြန်လေး
ဘေးကင်းမယ့်နေရာကိုပို့ပေးလိုက်ပါကွာ
ငါလည်းလာနေပြီ .....အိမ်တော်ထိန်းကြီး
ဖုန်းလှမ်းဆက်တာ မြန်မြန်လုပ် ဂျေသိသွားရင်
ပြန်ပါသွားအုန်းမယ်..."

"အေး....."

အေး မှာ Rom ဒိန်းခနဲ....။
အေး ဆိုတဲ့အသံသည် Hoseokအသံမဟုတ်....။
Romသည်ခြေတုန်လက်တုန်ဖြစ်ရင်းမှ
Ph Contactကိုကြည့်လိုက်တော့ TaeHyung...။
အပေါ်အောက် နာမည်မှတိထားတာမို့မှားခေါ်မိလိုက်ပြန်
ပြီ။

မောင်Where stories live. Discover now