Ep-1

8.8K 288 21
                                    

Uni ⚜️

°°°°°°°°°°°°

ရှုပ်ပွနေတဲ့ အခန်းက ဝီစကီအနံ့‌တွေအပြင်
စီးကရပ် အငွေ့တို့ပါ ရောထွေးလို့
ထိုထဲတွင်တော့ ရှောင်ကျန့်ဟာ ဆိုဖာပေါ် မှီလို့ ခပ်လျော့လျော့ ထိုင်နေသည်။
အလိုမကျသလို တွန့်ချိုးနေတဲ့ မျက်ခုံးတွေက ထိလုမတတ်

" မင်းကိုဘဲ ငါက လက်ထပ်ရအုံးမယ်တဲ့လား အဟက်!!!!"

မောင်ဟာ ဆိုဖာပေါ် ဖြစ်သလိုထိုင်နေရာမှ
ကြမ်းပြင်တွင် ပုံ့ပုံ့လေးလဲနေသော
သူအား ကြည့်ကာ လက်တစ်ဖက်က ဝီစကီ ပုလင်းကိုင်လို့ မတ်တပ်ရပ်လိုက်ရင်း ခနဲ့သလိုဆိုလာသည်။

"ငါက ဘာများဖြစ်နေလို့လည်းမောင်~"

ရိပေါ့အမေးတွင် မောင်သည် ထိုင်နေသော သူ့အား မျက်ခုံးတစ်ဖက်ပင့်ရင်း ခြေဆုံးခေါင်း ဆုံးကြည့်လိုက်ရင်းမှ နှုတ်ခမ်းတစ်ဖက်မဲ့လိုက်ကာ

" လက်နှီးစုတ်လိုဘဲ အရောင်အဆင်းမရှိဘူး!!!"

ခပ်ပြတ်ပြတ်စကားအဆုံးတွင်
ရိပေါ်သည် ဘာမှ ပြန်မပြောနိုင်တော့သလို
မောင်အပြောတွင် သူ့ရင်ဘက်ကြီး တစ်ခုလုံးအောင့်တတ်သွားရပါသည်။
မောင်ကျောခိုင်းလို့ ထွက်သွားသည်ထိ
သူရင်ဘက်လေးအား ဖိကာ ခပ်ထွေထွေလေးကျန်ခဲ့ရသည်။

မောင်သည်အမြဲ နိုင်ယူနေကြ သူ့ကို
ယခုလည်း ထိုသို့နာကျင်စရာအပြောတို့နဲ့
အနိုင်ယူပြန်ပါတယ် မောင်ရယ်
သိပ်မှပျော်ရဲ့လား....

မောင်နားမလည်နိုင်သော
ရှုပ်ထွေးလွန်းတဲ့ ဒီကိစ္စရပ်တွေကိုသူ ဘယ်လိုများ ရှင်းပြရမလည်း
ဟင့်အင်း တစ်ကယ်တော့ မောင်ဟာ
ရှင်းပြခြင်းကိုပင်မလိုလားတဲ့ဟာ
သူက ဘာများ တတ်နိုင်ပါ့မလည်း

ရိပေါ်ဆိုတာ အရင်ကတည်းက
မောင့်လက်ထဲက မောင်စိတ်တိုင်းကျ
ဆော့ကစားနေကြ နယ်ရုပ်လေးဘဲဟာ !

နာကျင်နေသော ခြေထောက်တွေဟာ
တုန်တုန်ရီရီနဲ့ ဘေးက နံရံကို အားပြုပြီး
ထရပ်လိုက်ပေမယ့် အားမရှိတဲ့ကိုယ်ကြောင့်
အနည်းငယ် ပြန်ယိုင်ကျသွားသည်။

ကျောရိုးတစ်လျှောက်လုံး နာကျင်နေတဲ့
ဒဏ်က သေလောက်အောင်ဘဲမို့မျက်ရည်စီးကြောင်းတွေနဲ့ ရိပေါ့် မျက်နှာလေးဟာ ရှုံ့မဲ့နေလို့မောင်ဟာ စားပြီးနားမလည် လုပ်ရက်သူရယ်လို့ ရိပေါ်ဟာ အပြစ်မတင်ရက်

PAIN..(Complete)Where stories live. Discover now