Ep-19

1.9K 128 27
                                    

Uni ⚜️

_________

_ မောင့် အမှားတွေ အတွက်
မောင့် အနမ်းတွေနဲ့ တောင်းပန်ပါမယ်ဆိုရင်တောင် ကျေနိုင်ပါတော့မလား မသေချာချင်တော့ဘူး ချစ်သောမောင် _

_________

" မောင် ငါ့ကို လွှတ်စမ်းပါ "

"ငြိမ်ငြိမ်နေလို့ !!!!"

"နာတယ်ကွ !!!"

ခြံထဲမှာ တစ်ယောက် တစ်ပေါက် အော်နေသည့်ကြားမှာ Daisy က မျက်နှာသေနဲ့ ရပ်ကြည့်နေသည် ။ ရှောင်ကျန့် လွှတ်ပေးလိုက်သော ရိပေါ့် လက်ကောက်ဝတ်သေးသေး‌တွင် လက်ရာတို့ဟာ အနည်းငယ်အရောင်ထင်လျက်

" ဝမ်ရိပေါ် မင်းပြောကြည့် ငါဘယ်လို လုပ်ရမလည်း !"

" မောင်က မောင် ထင်ချင်နေတာတွေ ဇွတ်ထင်နေတော့တာ ငါ့ကို တစ်ခါလောက်လေးများ ရှင်းပြခွင့်ပေးခဲ့လား !"

" ထင်နေတာ မဟုတ်ဘူး မြင်ခဲ့တာ မြင်ခဲ့တာ
မင်းနဲ့ သူသာယာနေတာကို ဟောဒီငါ့မျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့တာလေ !!!!"

ဘီလူးသရဲ စီးသလို သောင်းကြမ်းနေတဲ့
ရှောင်ကျန့် လက်တွေဟာ ရိပေါ့် ပါးပြင်နှစ်ဖက်ကို ကြမ်းတမ်းစွာ ဖျစ်ညစ်ထားသည်။
နီရဲနေသော မျက်စံတွေနဲ့ ရိပေါ်ဟာ စကားလုံးအချို့ကို ပေါက်ကွဲစွာ ပြောထွက်ချင်နေခဲ့သည်။

" ဒါဆို ငါ့အတွက်ကရော~~"

"ဘာကိုလည်း "

"မင်းနဲ့ အဲ့မိန်းမနဲ့ ပူးပူးကပ်ကပ်နေတာကို မြင်နေရတဲ့ ငါ့အတွက်ကရောလို့!!!!!"

ပါးပြင်ပေါ်က ရှောင်ကျန့် လက်တွေ ဖယ်သွားတော့ ရိပေါ့်ရဲ့ ငိုရှိုက်သံတွေ ဟာ တိုးလိုက်ကျယ်လိုက်နဲ့ ပျံ့နှံ့ကုန်သည်။
လက်သီး တင်းတင်း ဆုပ်ထားတဲ့ ရှောင်ကျန့်ဟာ ရိပေါ်ပြောနေတာတွေ အမှန်တွေပါဆိုရင်တောင်လက်မခံချင်ဟန်
သူ့ဘက်က အသက်နဲ့ Joke ရဲ့ ဒီလို ပုံကိုတောင်ခံစားနေရတာ အသက်ဆိုရင် ဘယ်လို ခံစားရမလည်း ရှောင်ကျန့် သိသော်လည်း အနိုင်မပေးချင်မိပါ

" ဒါဆို မင်းက လက်ခံတယ်ပေါ့ အဟက်! "

" ရှောင်ကျန့် !!!!!! မင်းတော်သင့်ပြီ !! ငါ့သိက္ခာတွေ စော်ကားနေတာ တော်သင့်ပြီ "

PAIN..(Complete)Where stories live. Discover now