Ep-22

1.8K 121 19
                                    

Uni ⚜️

__________

_ တစ်ချို့ မေတ္တာကြိုးတွေက
ထုံးမိရင် ပြန်ဖြေရခက်ပါတယ်ဆိုရင်
တင်းလွန်းလို့ အဲ့အထုံးလေးကပါ ပြတ်ထွက်သွားနိုင်တာ လည်းသိရင်ကောင်းမယ်မောင် _

__________

" မောင် အလုပ်တွေ သိပ်မှ ရှုပ်နေတာလား "

တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲ အရင်လို
နားတွေညီးအောင်အဖော်ပြုပေးတဲ့ မောင့်အသံတွေ ပြောက်ဆုံးနေတဲ့အခါ လည်း
အပြစ်မတင်ချင်ခဲ့ပါ ရိပေါ် ကိုယ်တိုင် နှင်ထုတ်ခဲ့တာဘဲဟာ

" အမြဲယုံကြည်ချင်ခဲ့တာမောင် "

တတွတ်တွတ် တစ်ယောက်တည်း စကားတွေပြောနေတဲ့ ရိပေါ် ဟာမျက်ရည်များဖြင့် ပြုံးနေခဲ့သည်။
မနက်စောစော ရောက်လာတဲ့ အဲ့ပုံကို ရိပေါ် မျက်ကွယ်ပြုလိုက်ပေမယ့်
Hot search တစ်ခုလုံးမှာ ဂယက်ထနေတဲ့ မောင်တို့ သတင်းတွေဟာ မမြင်ချင်မှ အဆုံးပင်

" မောင် နဲ့ အဲ့ မိန်းမ နဲ့ ဟာသိပ်လိုက်ဖက်ပါသည်တဲ့လား အဟင်း သူတို့ မသိကြလို့ပါ"

ရိပေါ်သည် မကြည့်နိုင်တော့တဲ့အဆုံး ဖုန်းကို ပိတ်ကာ ခပ်ဝေးဝေး ပုတ်ထုတ်ပလိုက်တော့သည်။ မောင်ဟာ ထို မိန်းမနဲ့ လက်ထပ်ပါမည် ဆို‌တဲ့အကြောင်း ယုတ်စွအဆုံး မောင်ဟာ အဲ့ မိန်းမကို ချစ်ကြိုက်နေပါသည်ဟု ရိပေါ် ကို တစ်ခါမှပင်မပြောဖူးပါ။
မောင် မလိုချင်တော့လည်းပြောပေါ့
စေ့စပ်လက်စွပ်လေးပင် ပန်ဆင်ခွင့်မရှိခဲ့တဲ့
ငါက မက်မောစရာ ဘာတစ်ခုမှ မရှိတော့တာမို့ မောင် က ကွာမယ်ဆိုလည်းကွာရုံပေါ့

တတီတီ မြည်နေတဲ့ ဖုန်းဟာ မွေ့ယာဖြူဖြူပေါ်မှာ ပက်လက်လေး
Screen မှာပေါ်နေတဲ့ မောင် ဆိုတဲ့ နာမ်စားလေးဟာ မိန်လိုက် လင်းလိုက်

" အခုဆို ‌dear darling ဆိုတဲ့ ပန်းဆိုင်လေးက အထီးကျန်နေရှာမှာမောင်
အရင်လို လာချောင်းချောင်းကြည့်တတ်တဲ့ မောင်လည်း မရှိ
မောင်လာတာ မသိချင်ယောင် ဆောင်ပြီး ပျော်နေတတ်တဲ့ ငါလည်း မရှိဘူးလေ
နောက်တော့ ပန်းလေးတွေလည်း ခြောက်ကပ်နေရှာလောက်ပြီပေါ့ "

PAIN..(Complete)Where stories live. Discover now