Ep-15

1.7K 137 19
                                    

Uni ⚜️

________

_ တစ်ခါတစ်လေတော့ မောင့်နှုတ်ခမ်းပါးထက်က cigarettes တိုတွေဖြစ်ခွင့်ရချင်တယ်မောင် _

_________________

*ကျန့်ကျန့် *

*မားမားက မလာပြန်ဘူး *sob* *

မီးကုန်သွားတဲ့ဖယောင်းတိုင်လှလှတွေရယ်
အထီးကျန်တဲ့ ထိုမွေးနေ့မှာ ကိတ်မုန့်လှလှလေး လှီးဖို့ သားငယ်၏ လက်တွေအုပ်မိုးပေးမယ်လက်တွေမှာ ဖခင်ကလွဲလို့ မိခင်ဆီက အနွေးဓာတ်တွေ ပြောက်ဆုံးနေခဲ့သည်။

မွေ့နေ့တိုင်းမှာ မာမား ရှိမနေခဲ့ဘူး
မျက်ရည်တွေနဲ့ ထို ကလေးငယ်ရဲ့ နုနယ်တဲ့
နှလုံးသားငယ်ကို လိုချင်တဲ့ပုံစံ သွင်းဖို့ သိပ်ကိုလွယ်ကူခဲ့တဲ့အခါ
ရှောင်ကျန့်ဆိုတာ သူ့ဖခင်ရဲ့ သနားစရာ နယ်ရုပ်လေး ဖြစ်လာရသည်။

"မားမား မရှိလည်း ပါးပါးရှိတယ်လေ ကျန့်ကျန့်ရဲ့ "

"အွင့် ပါးပါးက အကောင်းဆုံးဘဲ "

ထိုကြေကွဲစရာ မွေးနေ့တွေတိုင်း
ရှောင်ကျန့် နားခိုရာ ဟာ ဖခင်ရင်ခွင်ဖြစ်သလို
မျက်ရည်စက်တို့ ခ ရာဟာလည်း ထိုရင်ခွင်၌
မွေးနေ့တွေတိုင်း မားမားမလာတာ မဟုတ်ပါဘူး မားမားကအမြဲ မအားနေတာလေ

ဒါပေမယ့် ရှောင်ကျန့် စိတ်မဆိုးရက်ခဲ့ဘူး
ကျန်းမာရေးကြောင့် အိမ်ကနေဘဲ ရုံးကိစ္စတွေ ဆီစစ် နိုင်တဲ့ ပါးပါးကြောင့် မားမားဟာ အမြဲအလုပ်မှာ ကြိုးစားနေခဲ့ရလို့ ရှောင်ကျန့်
မားမားကို အပြစ်မတင်ရက်နိုင်ခဲ့ပါ။

*ကျန့်ကျန့် အဲ့ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးနဲ့ အရောတဝင်မနေနဲ့ ပါးပါး မကြိုက်ဘူး *

*အင်းပါ ပါးပါးရယ် သူကစိတ်ထားကောင်းတဲ့ ကောင်လေးပါ ဒါပေမယ့် ပါးပါးက မကြိုက်ဘူးဆိုတော့လည်း သား သူနဲ့ မနေတော့ဘူး ဟုတ်ပြီလား *

*ပါးပါး ရဲ့ ကျန့်ကျန့် က အလိမ္မာဆုံးဘဲ*

ခြေထောက်တွေ နှိပ်ပေးနေရင်း
ချစ်ရတဲ့ဖခင်အလိုကြဆိုတော့ ဆံပင်တွေကြား လက်ထိုးဖွရင်း ပြောနေတဲ့ ချစ်သောဖခင်ဟာ ကျေနပ်နေဟန်
ဒီတော့ အသက်နဲ့ ရှောင်ကျန့် ဝေးလေရောပေါ့
ထိုကောင်လေးကို သဘောကျနေပါ‌ရဲ့သားနဲ့
အမြဲ ရန်လိုသလို ဟန်ဆောင်နေခဲ့ပေမယ့်
အပြုံးမပျက်တဲ့ အသက်ရယ် ခံစားချက်တွေ မထိန်းနိုင်တဲ့ ရှောင်ကျန့်ရယ်ကြောင့်
နောက်ဆုံးတော့လည်း ချထားတဲ့စည်းတွေ ချိုးဖောက်မိတော့တာဘဲ ။

PAIN..(Complete)Where stories live. Discover now