Ep-6

2K 159 10
                                    

Uni ⚜️

°°°°°°°°°

_ သနားညှာတာသောအားဖြင့်
ယဲ့ယဲ့လေးဘဲ ရှိတော့တဲ့ ငါ့ကို
ညင်ညင်သာသာလေးဘဲ ဆက်ဆံပေးလို့ရမလား မောင် _

°°°°°°°°°°°

" သဘောကျရဲ့လား "

"အင်း ကျွန်တော် သဘောကျပါတယ်
နေရာရလည်း သန့်တယ်လမ်းလည်းသာတယ်လေ "

မြို့လယ်က အကို Joke ရှာပေးတဲ့
မြေကွက်လေးကို လိုက်ကြည့်နေခြင်းပင်
ရိပေါ်သည် ကြည့်နေရာမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ကားထဲမှ files တွဲ တစ်တွဲ
သွားထုတ်ကာ

"ဟိုလေ အဆင်ပြေမယ်ဆို ကျွန်တော့်ကို ဒါလေးပါ "

"အာ ရိပေါ် ဆွဲထားတဲ့ Design လား "

ကားအဖုံးပေါ် မှီကာနေသော
Jokeက ရိပေါ်လက်ထဲကဖိုင်တွဲလှမ်းယူကာ ဖွင့်ကြည့်ရင်း မေးသည်။
Joke အမေးကို ရိပေါ်က ခပ်သာသာ
ခေါင်းရမ်းပြသည်
ထို့နောက်တွင်တော့ သိမ်မွေ့လှသော အပြုံးလှလှလေးနဲ့

"အဟင်း အဲ့တာ ‌အရင်ကမောင် ဆွဲပေးထားတာလေ"

" အာ အကိုသိပြီ စိတ်ချ အကိုစီစဉ်ပေးမယ်"

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် အကို Joke "

"မလိုပါဘူး အကိုတို့က ညီအကိုတွေဘဲဟာ"

"ဟီး ~"

ဟီးခနဲ သွားညီညီလေးတွေပေါ်အောင် ရီပြလာတဲ့ ရိပေါ်ရဲ့ ခေါင်းလုံးလုံးလေးပေါ်
Joke ရဲ့လက်တွေ ခပ်ဖွဖွ လေး နေရာယူသွားသည်။
Joke အတွက်တော့ ရိပေါ်နဲ့ ရှောင်ကျန့်က
ညီအရင်းလို ဆိုတာထက် ပိုပါတယ်
သူတစ်ကယ်ဘဲ ဒီကောင်လေးနှစ်ယောက်အပေါ် သံယောဇဉ်ရှိသည်။

"!!!!"

ဝုန်းခနဲ အရှိန်ပြင်းစွာမောင်းနှင်သွားတဲ့
ကားတစ်စီးကြောင့်ရိပေါ် ကိုယ်လေးပင် လန့်ကာ တုန်သွားရသည်။
ဒါကို အကို Joke ဟာ ကြောက်တတ်ရန်ကောဟု ရယ်ကာ စနှောက်နေသေးသည်။

" အကို ကျွန်တော်မားဆီသွားမလို့ အကို လိုက်အုံးမလား "

"လိုက်မာ်လေ "

ထို့နောက် လမ်းကနေနှင်းဆီဖြူဖြူတွေ ဝင်ဝယ်ပြီးမှ မားဆီ ထွက်လာခဲ့လိုက်သည်။
နှင်းဆီဖြူဖြူတွေ ကြိုက်နှစ်သက်ပါ‌ေသာမားဆိုသော အမျိုးသမီးဟာ သိပ်ကိုမှ ကျက်သရေရှိပြီး အေးချမ်းလှသည်။
တစ်ယောက်သော သူရဲ့ မျက်ဝန်းညို လှလှတွေဟာလည်း မားဆီက အမွှေဖြစ်မယ်ထင်

PAIN..(Complete)Where stories live. Discover now