Ep-14

1.7K 120 15
                                    

Uni ⚜️

________

_ အကြာကြီးနေမှ နေသာတဲ့ ငါ့ကမ္ဘာမှာတော့ အဲ့ အချိန်တွေ ခနလေးနဲ့ ပြောက်ဆုံးသွားမှာသိပ်ကြောက်တယ် _

____________________

ညို့မှိုင်းနေတဲ့ မိုးသားတိမ်လိပ်တွေကြောင့်
ကြယ်လကင်းစင်နေတဲ့ ကောင်းကင်ယံက
သိပ်ကို အထီးကျန်စရာကောင်းသည်။

"ဟင်း~~"

မင်းဆီက အနွေးဓာတ်တွေ ကို သတိရတိုင်း
ငါမိုးတွေကိုဘဲ ရွာစေချင်တော့တာဘဲမောင်
လေအေးအေးတွေ အလုအယက် တိုးဝင်နေတဲ့ ပြတင်းပေါက်ကို ဆွဲပိတ်နေရင်း
ရိပေါ်က လေပူတွေ မှုတ်ထုတ်လိုက်သည်။

ခြေထောက်နားက ‌ဘောပင်လေး အသာကောက်လို့ နေရာတကျထားလိုက်ရင်း
မောင်ထိုင်သွားလို့ တွန့်ကျေနေတဲ့ အိပ်ယာခင်းစတွေကို ဖြန့်ရန်ပြင်ပြီးမှ ရိပေါ့် လက်ဖြူဖြူတွေဟာ လေထဲမှာ တုန့်ခနဲ

အိပ်ယာခင်းစ အနားတွေကို ဆုပ်ကိုင်ရမယ့်အစား တုန်ရီနေတဲ့ လက်တွေဟာ အိပ်ယာခင်း မျက်နှာပြင်ကို ခပ်သာသာ ထိတွေ့လာသည်။
နွေးတယ် ...မောင့် အငွေ့‌အသက်တွေ
သူ သိပ်သဘောကျရသော မောင့်အငွေ့‌အသက်တွေ ထိုအိပ်ယာခင်းမှာ

" ချမ်းတယ်မောင် .."

အရူးတစ်ယောက်လို တစ်ယောက်တည်းစကားတွေ ပြောနေရင်း ထို တွန့်ကြေနေသော အိပ်ယာခင်းပေါ် ခွေခွေလေး အိပ်ရန်ကြိုးစားမိသည်။
ချမ်းတယ် ဒါပေမယ့် စွဲထင်နေဆဲ
မောင့် အငွေ့အသက်တွေက နွေးထွေးတယ်

အစကတည်းက မှားယွင်းနေခဲ့တဲ့ သူတို့ကံကြမ္မာက ဆုံစည်းမလာသင့်‌ပါသော
ရေစက်တွေများလား ဟူ၍ပင်
ရိပေါ် တစ်ခါတစ်ရံ သံသယ ဝင်မိသည်။
ရိပေါ်နဲ့ မောင်ဟာ တစ်ကယ်ဆို
အတင်းဆုံစည်းမိထားတဲ့ ပြိုင်မျဉ်းတွေ ..

"မောင် ? "

ပိတ်ထားတဲ့ မှန်တံခါးကို တတောက်တောက်
လာစင်နေတဲ့ မိုးစက်တွေနဲ့အတူ
နွေလယ်ခေါင်မှာ မိုးကျသဖြင့် ညသန်းခေါင်ကြီး နိုးလာရတဲ့ ရိပေါ် တအံ့တဩ
ထို့အပြင် အခန်းဝမှာ ငိုင်ငိုင်ကြီးရပ်နေတဲ့
ချစ်ရသူ မောင်

PAIN..(Complete)Where stories live. Discover now