Ep-20

2K 125 10
                                    

Uni ⚜️

__________

_ ဒီနှင်းဆီပန်းတွေက မောင့်ရှူးဖိနပ်အောက်မှာ
တစ်စစီ နင်းခြေခံလိုက်ရပြီးပြီမို့
ပြန်မရှင်သန်နိုင်တော့ဘူး မောင်_

__________

တကျီကျီ ငှက်ငယ်တွေရဲ့ တွန်ကြူးသံနဲ့အတူ
အိပ်မရသေးသော ကျိန်းစပ်လျက်ရှိသော မျက်ဝန်းများဟာ ခပ်သာသာ ပွင့်ဟလာသည်။ ရင်ဘက်တွေက နာကျင်နေသော်လည်း မျက်ရည်တွေ ထွက်မလာပုံထောက်ရင် ငိုရသည်မှာ ပင်ပန်းသွား၍ထင်

‌တယုတယ ရစ်တွယ်ထားသော လက်တွေဟာ
ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တဲ့သူ မဟုတ်သည့်အတိုင်း ယဲ့ယဲ့လေးသာ ကျန်တော့သည့် ရိပေါ် နာကျင်သွားမှာ ဆိုးသည့် အလားနူးနူးညံ့ညံ့ပင် ။ ‌ရင်ခွင်ထဲကနေ မောင့်မျက်နှာကို အသာမော့ကြည့်တော့ မေးရိုးတွေထင်းနေအောင်ပေါ်နေသည်ထိ ပိန်ကျသွားသည့် မောင်ဟာ သိပ်ပင်ပန်းနေပုံ

*အများကြီး ပင်ပန်းလား မောင် *

ရိပေါ့် လက်ဖြူဖြူများဟာ တုန်တုန်ရီရီနဲ့
မောင့်ပါးပြင်ကို ခပ်သာသာ ပွတ်သတ်လျက်ရှိသည် ။ ဒီ စာမျက်နှာ ရဲ့ အစကနေစပြီးသာ မောင်ဟာ ဒီလို နူးညံ့စွာ ထွေးပွေ့နိုင်ခဲ့မယ်
ဆိုလျှင်~~~
မျက်ခုံးတွေ ထိလုမတတ်တွန်းချိုးကာနေသည့်မောင့်ရဲ့ မှိတ်စက်ထားတဲ့ မျက်ဝန်းတွေကြားက မျက်ရည်များ စီးကျလာတဲ့အခါ
ရိပေါ့် အတွေးစများ ရပ်တန့်သွားရသည်။

" မငိုပါနဲ့ မောင် "

မျက်ရည်စတွေ သုတ်ပေးနေတဲ့ လက်ဖြူဖြူလေးဟာ မဝံ့ရဲစွာ
မောင်ဟာ ရိပေါ့်ကို သိပ်ချစ်တာ ရိပေါ်သိပါတယ်။
မောင်ဟာ ရိပေါ့် အပေါ်ချစ်လို့အနိုင်ယူနေတာလည်း ရိပေါ်သိသလို မောင်ဟာ အလျှော့ပေးနိုင်ဖို့ ကြိုးစားနေတာလည်းသိတယ်
သို့သော် ကြားကနေဝင်ဖျက်စီးနေတဲ့ အခြေအနေတွေကြောင့် ရိပေါ်နဲ့မောင်ဟာ ဝေးပြီးရင်း ဝေးကြရောပေါ့

တစ်ကယ်ဆို ငါတို့ နှစ်ယောက်လုံးက သနားစရာပါဘဲ မောင် ။ ဆုံစည်းမလာသင့်တဲ့
ဒီ အပြိုင်သွားနေတဲ့ မျဉ်းနှစ်ကြောင်းကို
ကံကြမ္မာဇာတ်ဆရာဟာ အတင်းဆုံစည်းစေတော့လည်း အဆုံးမှာ နာကျင်မှုဆိုတဲ့ ဒဏ်ရာ တစ်ခုကလွဲလို့ အခြားမရှိခဲ့ဘူးပေါ့မောင် ...

PAIN..(Complete)Where stories live. Discover now