Ep-17

1.7K 130 41
                                    

Uni ⚜️

__________

_နာကျင်စရာတွေပြည့်နက်နေတဲ့ ဘဝမှာ
မောင်ဆိုတဲ့ လူသားကို ပျော်ရွှင်မှု အထင်နဲ့
ဆုပ်ကိုင်လိုက်သော်ငြား ပြန်ရလိုက်သည်မှာ
ဒဏ်ရာ များသာပင်ဖြစ်လေသည်။_

__________

" ဒါက မဖြစ်သင့်ဘူးလေ !"

"ဘာလို့လည်း ဘာလို့မဖြစ်သင့်ရတာ "

မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာတဲ့ မောင့်ကို စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်စိတ်တွေ ရိပေါ် ထိန်းချုပ်ထားရသည်။
ဟိုအရင်ကသူတို့ နှစ်ယောက် လက်ထပ်ပြီးရင် နေဖို့ လုပ်ထားတဲ့ အမြဲ ပိတ်ထားတဲ့အခန်း ကို မောင်ဟာ daisy ဆိုသည့် အမျိုးသမီးအား ပေးအိပ်ပါသည်တဲ့
မောင်ဟာ ထို အခန်းထဲ ရိပေါ် မဝင်ရအောင်အမြဲ သော့ခတ်ပြီးကာမှ ထို အမျိုးသမီးကိုတော့ !

" မောင်သိရဲ့သားနဲ့ အဲ့အခန်းက "

"ဘာတွေ sensitive ဖြစ်နေရတာလည်း ဒီအတိုင်း အိပ်ခန်းလေးဘဲဟာ ကို "

"မရဘူးလေ မရဘူးမောင်ရဲ့ "

ရှောင်ကျန့်က ရိပေါ် ဒေါသထွက်သထွက်နေတာကို မျက်နှာသေတွေနဲ့ ကြည့်နေသည်မှာ
တစ်ကယ်ကြီးကို မထိတထိ နိုင်လွန်းလှသည်။
ရှောင်ကျန့်သည် နဘေးက စားပွဲပေါ် က ရေခရားကိုယူကာ ဖန်ခွက်ထဲ ရေတစ်ကျိုက်ငှဲ့လို့
မွေ့ယာပေါ်ထိုင်ရင်း အေးအေးလူလူ လုပ်နေသေးသည်။

" ဒီမှာမောင်ရှောင်အိမ်တော်က အိပ်ခန်းတွေ မလောက်လို့လို့ လိမ်အုံးမလား "

" ငါလုပ်ချင်တာ လုပ်မှာဘဲ !!"

"မရဘူး !"

"ဒါဆို မင်းနဲ့ ဟိုကောင်နဲ့ အတူအိပ်တာကြရတယ်ပေါ့ အဟက် !"

"မောင်!!!!!"

ရှောင့်ကျန့် မျက်နှာထက် နေရာယူသွားသော ရေအေးအေးတွေဟာ ရိပေါ့် ဒေါသတွေရဲ့လောင်စာ နီရဲနေသော မျက်နှာနုနုလေးထက် အကျည်းတန်တဲ့ မျက်ရည်စီးကြောင်းနှစ်ခုဟာ ခပ်သာသာ နေရာယူသွားပြီးနောက်
ရေတွေစိုရွဲနေတဲ့ မောင့်ကို နာကျည်းစွာကြည့်ပြီး ရိပေါ် ထိုအခန်းက ပြေးထွက်ခဲ့တော့သည်။

PAIN..(Complete)Where stories live. Discover now