Ep-16

1.7K 130 19
                                    

Uni ⚜️

_______

_ ဒီမေတ္တာတွေက အသွားသာရှိပြီး အပြန်မရှိပါဘူးဆိုလျှင်တောင် ငါကတော့ ဆက်ပြီး
ပေးဆပ်နေအုံးမှာဘဲ မောင် _

_____________

" မင်းက ဒီပြန်ရောက်နေတာကို အသိတောင်မပေးဘူး "

" လောလော လောလောဖြစ်သွားလို့ပါ ရှောင်ကျန့်ရာ "

ပုခုံးတစ်ဖက်ခပ်သာသာ ရိုက်ကာ ပြောလာသော စကားကြောင့်
ရှောင်ကျန့်က မျက်ခုံးတစ်ဖက်ပင့်ကာ
လှောင့်ထေ့သလိုရယ်သည်။

သူက Mr.Zhouတို့နဲ့ ညစာလာစားရင်း
မထင်မှတ်ဘဲ Joke ကိုတွေ့တာ
မဟုတ်ဘူး မှားတယ် မထင်မှတ်ဘဲမဟုတ်ဘူး သူကိုယ်တိုင် Joke ရှိတဲ့ hotelကိုလာတာလေ
ဒါက မထင်မှတ်တာမှ မဟုတ်တာ

" နေမကောင်းဖြစ်နေတာလား "

"နည်းနည်း ပင်ပန်းရုံ "

မျက်ခုံးတွေ ကုတ်ခြစ်နေတဲ့ ရှောင်ကျန့်ကြောင့် jokeက စိုးရိမ်တကြီးကြည့်လာသည်။
သူ့မှာ သူ့ကိုယ်သူအတွက် ဝမ်းမနည်းအား
ချစ်ရတဲ့ ဒီညီငယ်နှစ်ယောက်ကိုဘဲ လိုက်စိတ်ပူနေရတော့တာ ဆိုတာ

" အေးပါ ဂရုစိုက်အုံး ကျန်းမာရေးလေးဘာလေး ဒါမှ မင်း အမျိုးသားလေးနဲ့ နေနိုင်အောင် "

" စိတ်ပူ‌မနေနဲ့ နောင်ဘဝ‌ေတွထိ ငါတို့က ခွဲမှာမဟုတ်လို့ "

ရှောင်ကျန့်က ကလေးသဖွယ် မျက်စောင်းဝံ့ရင်း ပြောတော့ Joke က အော်ရယ်ရင်းမှ
အေးပါကွာ ဆိုတဲ့ ပုံစံနဲ့ ‌လက်မထောင်ပြလို့ ခေါင်းရမ်းလာသည်။
ရှောင်ကျန့်မှာတော့ ငူတူတူ
အသက် နဲ့ တွေ့ခဲ့တာလည်းမပြောပြ တဲ့
Joke ကြောင့် သူ့အတွေးတွေက တစ်ကယ်ကို ခြောက်ခြားလာသည်။

" ရှောင်ကျန့် bathroom ထဲခနဝင်မလို့ ထိုင်ချင်လည်းထိုင် နေ"

စကားပြန်မလာဘဲ ကျောပေးရပ်နေသူကြောင့် Joke ကဘာမှ ဆက်မပြောတော့ဘဲ တံပတ်ခါးပတ်ကာ ရေချိုးခန်းထဲ ဝင်သွားသည်။ သူတို့ အိမ်ထောင်ရေးကြားထဲ
Joke ဘာမှမပြောချင်ပါ

ထို့အပြင် မနက်က ရိပေါ်ကိုသူလာကြိုခိုင်းတာသာ ရှောင်ကျန့် သိသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ တတ်လာမည်ဆိုး‌တာကြောင့် ထိုကိစ္စနဲ့ပတ်သတ်ပြီး တစ်ခွန်းမှမဟခြင်းပင်

PAIN..(Complete)Where stories live. Discover now