Ep-24

1.8K 125 16
                                    

Uni ⚜️

__________

_ ရင်နာနာနဲ့ကိုယ်တိုင်ဖြတ်ချခဲ့ရတဲ့ကြိုးပါ
မချစ်လို့မဟုတ်ဘဲ ချစ်ရတာ ပင်ပန်းသွားတဲ့အကြောင်း မင်းမသိလည်း ဖြစ်ပါတယ် _

__________

" မောင်သိပ် စိတ်မပူပါနဲ့ မားမား ပြန်လာမှာပါ"

ငိုချင်နေရဲ့နဲ့ထိန်းထားဟန်မောင်ဟာ မည်သည့်စကားမှမပြောဘဲ ရိပေါ့် လက်တွေသာ ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။
မောင်၏ လက်များသည် အေးစက်တုန်ရီလို့
မောင်ကြောက်နေပါသည်လား

ရိပေါ်နဲ့ မောင်စကားပြောနေရင်း တစ်ဖက်က မားမား အခန်းက အချက်ပေးသံတွေ ကျယ်လောင်စွာပေါ်လာတာမို့ တာဝန်ယူထားရသည့် doctorတွေကလည်း အပြေးရောက်လာရသည်။ ကိုမာဝင်နေသည့် မားမားဟာ အသက်ရှူနှုန်း ကျဆင်းလာပြီး နှလုံးက အလုပ်ကောင်းကောင်းမလုပ်ချင်တော့တာပင်
အကယ်၍ သတိရမလာဘဲ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆို မားမားသည် နောက်လအနည်းငယ် အထိကို မသေချာတော့ပါ

"မောင်"

"မောင်ကြောက်တယ် အသက်ငယ်*sob*
မောင့်အနားမှာမင်းရော မားမားရော မရှိတော့မှာ မောင်ကြောက်တယ် "

မောင့် မျက်ရည်တွေ ကို ခပ်သာသာ သုတ်ပေးတော့ မောင်ဟာ ခေါင်းရမ်းပြလာသည်။
သဘောကတော့ သူ့အား ထားမသွားပါနဲ့ဆိုသည့်သဘောပင်။ ရိပေါ် မောင့်အား သနားစွာ ကြည့်လိုက်တော့ သည် ငါ့ဆုံးဖြတ်ချက်တွေပြင်နိုင်ပါတော့မလား မသေချာတော့တာ အားနာပါတယ်မောင်

" မောင် အိပ်လိုက်ပါ့လား "

"မောင်အိပ်လိုက်ရင် အသက်ငယ်က "

"ရှူး!!"

ရိပေါ်သည် တတွတ်တွတ်စကားများနေတဲ့ မောင့် နှုတ်ခမ်းပါးတွေကို လက်ညိုးလေးနဲ့ပိတ်ကာ ရှူးခနဲတားစီးတော့ မောင်ဟာ မျက်လုံးလေးများဝိုင်းစက်လို့လာကြည့်နေသည်။
ရိပေါ် မျက်ဝန်းတွေထဲ အဖြေရှာတဲ့အခါ မည့်သည့်အရာမှရှိမနေခြင်းကို ရှောင်ကျန့် ပြတ်သားစွာ တွေ့မြင်လိုက်သည် ။
စီးကျလာတဲ့ မျက်ရည်တွေဟာ ကုန်နိုင်စွမ်းမရှိသော ဝမ်းနည်းခြင်းများ နောင်တတွေ ရောယှက်နေခဲ့သည်။
ရှောင်ကျန့်အား အသက်ငယ်သည်ထားသွားတော့မည် ဖြစ်ပါသည်။

PAIN..(Complete)Where stories live. Discover now