Ep-25

2K 124 14
                                    

Uni ⚜️

_________

_ နေမင်းကြီးက မင်းမျက်ဝန်းညိုတွေလောက်
မတောက်ပဘူးဆိုတဲ့အခါ သဘာဝတရားကြီးက ငါ့ကို လှောင်ပြောင်ကြပါရော မောင်_

_________

အခန်းအတွင်း တိတ်ဆိတ်နေတဲ့ လေထုထဲတွင် နာရီသံ တဂျောက်ဂျောက်ကလွဲလို့ အေးစက်လွန်းလှသည်။
မျက်ခုံးတွေထိလုမတတ်ကျုံ့ထားသော ရှောင်ကျန့်ဟာ အလွန်တရာမှဝမ်းနည်းနေသည်ကို ထိန်းချုပ်ထားဟန်

" အသက်ရာ...."

လုပ်ရက်လိုက်တာလို့ မတမ်းတချင်ပါ
အသက်အပေါ်ရက်စက်ခဲ့တာဟာ ရှောင်ကျန့်ပေမို့
ဆိုဖာပေါ် တိတ်ဆိတ်စွာ ထိုင်နေသော အသက်ငယ်ဟာ မောင့်ကို တစ်ချက်ပင်ကြည့်မလာခဲ့ပါ ။ သူသည်နဘေးနားက ဘောပင်ကိုအဖုံးချွတ်ကာ ကွာရှင်းစာချုပ်နဲ့ ရှောင်ကျန့်ရှေ့ တိုးပေးလာသည်။

"မောင်မင်းကို ကွာမပေးနိုင်ဘူး အသက်ငယ်
ဒီလို နည်းနဲ့တော့ မောင့်ကို မထားခဲ့ပါနဲ့"

ရှောင်ကျန့်ဟာ ဒူးထောက်ချရင်း အသက်ငယ်လက်များ ဆုပ်ကိုင်လို့ တောင်းပန်ချင်သော်လည်း သု့လက်များဟာ ရုန်းခြင်း ခံလိုက်ရသည်။ အသက်ငယ်ဟာ သူနဲ့ ဟိုး လမ်းအဆုံးသတ်ကိုသွားတော့မှာပင်
သူတို့နှစ်ယောက်အတွက်လမ်းဟာ တစ်ကယ်ဘဲ အဆုံးရောက်သွားပြီးလားတွေ့မိတော့ ရှောင်ကျန့် မျက်ရည်တွေက တားမရခဲ့ပါ

" ဘာလို့လည်း ..*sob* ဘာလို့လည်း
ဘာလို့ မောင်တို့ကြမှ "

" ဒါဟာ ကံတရားဘဲမောင် ငါတို့တွေမှာ ရွေးချယ်ခွင့်ဆိုတာမရှိခဲ့ဘူး "

ရှောင့်ကျန့် အသံတွေကြားလိုက်တော့
ရိပေါ့်ရင်ထဲ နင့်ခနဲ သူ မောင့်ကို မကြည့်ချင်ခဲ့ပါ အဲ့ အရောင်မဲ့နေတဲ့ မျက်ဝန်းညိုတွေတွေ့တဲ့အခါ နောက်ပြန်လှည့်မိမည်ကို ရိပေါ်စိုးရွံ့မိလို့
ရိပေါ်သည် နာရီကို တစ်ချက်မော့ကြည့်လာသည် ထို့နောက် တည်ငြိမ်လှသော လေသံအေးအေးလေးနဲ့

" ဒါဟာ ငါ့ရဲ့ နောက်ဆုံးသော တောင်းဆိုခြင်းပါ မောင် ဖြည့်ဆည်းပေးပါ"

"မောင်ဟာ ဘာများ တတ်နိုင်တော့မှာမို့လို့လည်း အသက်ငယ် .."

မျက်ရည်တွေနဲ့မော့ကြည့်လာတဲ့ ရှောင်ကျန့်ဟာ သူ့ကို အသက်ငယ်များ ကြည့်နေမလားဆိုသော မျှော်လင့်ချက်လေးဖြင့်
သို့သော် ထိုအကြည့်လှလှတွေဟာတော့ကွာရှင်းစာချုပ်ပေါ်၌သာ

PAIN..(Complete)Where stories live. Discover now