Ep-21

1.8K 115 14
                                    

Uni ⚜️

__________

_ တစ်ခါတစ်လေမှာ တစ်ချို့သော
မေတ္တာကြိုးတွေက ထုံးမိခဲ့ရင်
ဖြေရခတ်တယ် ချစ်သူ _

__________

တိတ်ဆိတ်နေတဲ့ အိမ်တော်အတွင်း
မျက်နှာလွဲထားသော ရှောင်ကျန့်၏ မျက်ဝန်းများထံတွင်တော့ ရှုပ်ထွေးခြင်းများ နေရာယူလို့ Jokeက အသာပြုံးရင်းမှ

" ရှောင်ကျန့် မင်းက ငါ့ကိုတောင်မယုံတော့တာလား "

"အသက်ငယ်နဲ့ ပတ်သတ်လာရင် ဘယ်သူ့ကိုမှ မယုံဘူး "

" ဒါပေမယ့် မင်းဖခင်ကိုတော့ မင်းယုံခဲ့တာဘဲလေ ရှောင်ကျန့်ရယ် "

" မင်းနားမလည်ဘူး အကို ငါတောင်းဆိုတာပါ အသက်ငယ် နားမှာ မနေပါနဲ့ "

Joke က ရှောင်ကျန့်ကို နားလည်ရခက်စွာ ကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလာသည် ။
ရှောင်ကျန့်သည် သူသာသိခဲ့သော ထို ဖြစ်ရပ်အချို့ ဖခင်နဲ့ သူကြားက ရှုပ်ထွေးလွန်းတဲ့ ထို ကြိုးတွေဟာ ဖြတ်ရခတ်ကြောင်း
အသက်ငယ်အား ချစ်သည့်အချစ်များသည် ဘယ်လို အတ္တကြီးကြောင်း

အကယ်၍ သူသာ ထပ်စိတ်လိုက်မာန်ပါလုပ်မိသွားရင် jokeကိုပါထိခိုက်လာမှာ မလိုလားပေ
ရှောင်ကျန့်သည်အသက်ငယ်နှင့်ပတ်သတ်လာလျှင် ဘာမှ မတွေးတတ်တော့သော
လူတစ်ယောက်ပင်

" တစ်ကယ်တော့ ကိုယ်လာနှုတ်ဆက်တာ
နောက်တစ်ခုက ဘယ်လိုတွေဘဲ အချိန်ပြောင်းလဲလဲ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်က အမြဲ ကိုယ့်ညီလေးတွေဘဲဆိုတာ သိစေချင်ယုံပါ "

"ဘယ်သွားမလို့လည်း "

" ကမ္ဘာပတ်ပေါ့ကွာ ဟက်ဟက် အချစ်က ပူလောင်တော့ အပျော်ဘဲ ရှာတော့မယ်
သိတယ်မလား မင်းအကိုက အသဲနုတယ်
ကဲ အဆင်ပြေပါစေ ညီလေး "

ပုခုံးကို ပုတ်ကာ ထွက်သွားသော
Joke အား ပြန် နှုတ်ဆက််ဖို့မေ့လျော့ နေစွာ
ရှောင်ကျန့်သည် ငူငူကြီး ကျန်ရစ်ခဲ့ရသည်။
နွေးထွေးမှုတွေ မေတ္တာတွေ ခံစားခဲ့ရဖူးတဲ့
အဲ့နေ့ရက်တွေရဲ့ အမှတ်တရတွေက
ရှောင်ကျန့် အတွေးပုံရိပ်တွေမှာ တဝဲလည်လည်

PAIN..(Complete)Where stories live. Discover now