Ep-13

1.7K 133 22
                                    

Uni ⚜️

______

တစ်ချို့ အမှန်တရားတွေ
မင်းအတွက် နည်းနည်းတော့ခါးလိမ့်ရှာမယ်ပေါ့ ချစ်သော မောင်..

________________

" ကျန့်ကျန့် ပါပါး မဟုတ်တာကို မင်းယုံပါ "

"ပါပါး .."

မျက်ရည်တွေနဲ့ ရပ်တန့်နေတဲ့ ရိပေါ့်ကို ကြည့်ဖို့ရာ ရှောင်ကျန့် မရဲသလို
တုန်ရီနေသော ဖခင်အသံတွေအားလည်း မျက်ကွယ်မပြုနိုင်ခဲ့ပါ
သူ့ဘဝ သက်တမ်းတစ်လျှောက်လုံး လေးစား
အားကျခဲ့ရတဲ့ ချစ်သောဖခင်ကတော့ဒီလို အလုပ်မျိူးမလုပ်လောက်လေဘူးမလား

" မောင် ငါ မဟုတ် "

" ပြီးမှ ဆက်ရှင်းကြတာပေါ့ ရိပေါ် "

ရိပေါ်! ရိပေါ်တဲ့လား အသက်လို့ တနူးတညံ့
ခေါ်တတ်တဲ့ သူ့ရဲ့မောင်ဟာ ရိပေါ်ပါတဲ့..!
ရိပေါ်ခေါင်းသာအသွင်သွင် ခါရမ်းရင်း မျက်ရည်များဟာ အတားအဆီးမရှိတဲ့ ရေတွေလိုမျိုး သူ အသံထွက်ငိုဖို့ပင်မေ့လျော့နေခဲ့သည်။

" ဘုရားရေ ဘာတွေဖြစ်နေကြတာလည်း !"

ကြမ်းပြင်ပေါ်ကြသွားတဲ့ ပန်းဖြူဖြူတွေက
တကွဲတပြား ရှောင်မား မျက်နှာဟာ အထိတ်တလန့် ဖြင့်
‌ကျန့်ငယ် ရင်ခွင်ထဲက သွေးတွေနဲ့ခင်ပွန်းဖြစ်သူ ကိုတစ်လှည့် ပုံပျက်နေသော အကျီတို့ဖြင့်
စိတ်လွတ်ကာ ငိုနေသော သားငယ်အားတစ်လှည့် ကြည့်လို့အဖြေရှာနေခဲ့သည်။

" ကျန့်ငယ် မိသားစု ဆရာကိုသာခေါ်လိုက်နော် သားထိုင်နေလို့ မဖြစ်ဘူးလေ ကွယ် "

ထိုအခါမှ သတိဝင်လာတဲ့ ရှောင်ကျန့်က နီရဲနေသောမျက်စံတို့ ဖြင့် သူ့ဖခင်ကို ပွေ့ကာ ကုတင်ပေါ် တင်လိုက်ရင်း ဆရာဝန်ကို ဖုန်းဆက်နေသည် ။ ရှောင်မားဟာ အခန်းဝကနေရပ်ရင်း ရိပေါ့်အား နားလည်သော မျက်ဝန်းတို့ ဖြင့်ငေးကြည့်နေခဲ့သည်။

" အင့် ဟင့် *sob*မောင်က ငါ့ကို မယုံဘူး !!!"

" သားငယ် ရိပေါ် !"

တွန်းတိုက်ကာ ထွက်ပြေးသွားသော
သူကို ရှောင်ကျန့် မျက်နှာအနည်းငယ်သာစောင်းလို့ ကြည့်မိသည် ။ဆုပ်ကိုင်ထားတဲ့
ဖခင်ရဲ့ လက်တွေက တင်းလွန်းတော့ သူမှာအသက်ငယ်နောက် ပြေးလိုက်ခွင့် မရှိခဲ့ပါ

PAIN..(Complete)Where stories live. Discover now