Ep-4

2.3K 166 4
                                    

Uni ⚜️

°°°°°°°°°°°

" ကျစ် !!"

စားပွဲပေါ် မှောက်နေတဲ့ ကိုယ်လေးကို
တွေ့လိုက်တာကြောင့်
ရှောင်ကျန့် စုတ်သတ်လိုက်သည်။
ရူးနေတာလား မလာမှန်းသိရက်နဲ့ အဲ့လိုစောင့်နေရလား

"အသက်ရာ ဆိုးလိုက်တာ "

အငွေ့သေနေတဲ့ စားဖွယ်တွေဟာ ပုံမပျက်ဘဲ
Coffeeတစ်ခွက်သာ ကုန်နေသည်မို့
ရှောင်ကျန့် မျက်မှောင်တွေ ကျုံ့သွားသည်
ရိပေါ်က သူပြန်လာတဲ့ထိလေ ဘာမှမစားဘဲ
အဲ့‌Coffeeတစ်ခွက်တည်းနဲ့
ထို့နောက် အိပ်နေတဲ့ ကိုယ်လေးကို ခပ်သာသာ ပွေ့ရင်း မကျေမနပ်လေးခပ်တိုးတိုးရေရွတ်လိုက်သည်။

*အသက်ရယ်...*

ဝဲတတ်နေသော မျက်ရည်တွေနဲ့အတူ
တုန်ရီလာမယ့် အသံတွေကို
သူလက်မခံနိုင်သောကြောင့် စိတ်ထဲကနေသာ
တိုးတိုးလေးရေရွတ်လိုက်မိသည်
အကြောင်းကတော့
ရိပေါ်ကို ပွေ့ကာ ကုတင်ပေါ်အသာတင်ပေးရင်း တစ်ဖက်က စားပွဲ‌ေပါ်က
ပုံလေးကြောင့်ပင်
အပိုင်းပိုင်း ပြတ်နေသောပုံကို
တိပ်နဲ့မရမက ကပ်ထားသည်ပင်

ထိုပုံလေးကို ရှောင်ကျန့် မဝံ့ရဲစွာဘဲ ခပ်သာသာယူလိုက်သည်။
ပုံက အသက်ရဲ့ စာအုပ်အစိမ်းလေးကြားက ထွက်လာတာဖြစ်သည်။

"အဟင်း ~~"

ရှောင်ကျန့်သည် မျက်ရည်များနဲ့ပင် နူးညံစွာ
ခပ်ဖြည်းဖြည်းလေး ရယ်မောလိုက်မိသည်။
ပုံထဲကအသက်ဟာ သိပ်ချစ်ဖို့ကောင်းလွန်းလို့
ကြောင်နားရွက်လေးနဲ့ ရိပေါ်ဟာ အဝါရောင်
Hoodieပွပွကြီးရယ် ဒူးတိုဘောင်းဘီခပ်ပွပွလေးနဲ့ လက်တစ်ဖက်က skate အစိမ်းရောင်လေးနဲ့
တစ်ဖက်ကတော့ ရှောင်ကျန့် အကျီလက်စလေးကို ဆွဲထားသည်။
မားအတင်းဓာတ်ပုံရိုက်ခိုင်း၍
ယုန်နားရွက်နဲ့ ဆူပုပ်နေတဲ့ ရှောင်ကျန့်ကြောင့်
ရိပေါ်ရုပ်ကလေးမှာ မုန့်ခိုးစားတာမိသွားတဲ့ကလေးငယ်လိုဖြစ်နေသည်။

မီးရောင်စုံ လင်းနေတဲ့ ရဟတ်ဝိုင်းကြီးကို
နောက်ခံထားပြီး
ရှောင်ကျန့်သည် အငယ်ဖြစ်သော်လည်း
ရိပေါ်ထက်ပိုထွားသည်။
ဆယ်နှစ်သား‌ နဲ့ ဆယ့်တစ်နှစ်သားဟာ
မသိရင် အသက်မှားနေသလိုမျိုး
ရိပေါ်ဟာ ပုပုလုံးလုံးဖြူဖြူလေးနဲ့
လက်ဖြူဖြူသေးသေးလေးနဲ့ ရှောင်ကျန့်
အကျီစလေးကို မဝံ့မရဲ ဆုပ်ကိုင်ထားသည်မှာလည်း ချစ်စရာ

PAIN..(Complete)Where stories live. Discover now