Ep-9

1.8K 146 6
                                    

Uni ⚜️

________

ကံကြမ္မာက မိုးနတ်မင်း အလိုတော်ကျပါဆို
မိုးနတ်မင်းဟာ တရားမမျှတာပါလား မောင်

______ Past few years ago_______

သည်းထန်လွန်းတဲ့ မိုးစက်တွေဟာ
ရပ်တန့်ခြင်း မရှိ
အကျဉ်းတန်တဲ့ညက
လူနှစ်ယောက် ရဲ့ ကံကြမ္မာဟာ မျက်လည်ဆန်ဆန် ပြောင်းလဲ သွားစေလို့
အမုန်းတွေ ချည်နှောင်ဖို့ ကြိုးစတွေဟာ
တရစ်ရစ် မျိုးစေ့ချခဲ့သည်။

" ပါး မားမား က လာမယ်မလားဟင်~"

အကျိလက်စ‌ကိုဆွဲလာတဲ့သားကို
ဖခင်ဖြစ်ဖြစ်သူက ပြုံးကာ စောင့်ငဲ့ကြည့်လာသည်။
ထို့နောင်တွင်တော့ သားငယ်၏ ဆံနွယ်များကို ဖိသပ်ပေးရင်းမှ

"ဒါပေါ့ မားမား လာတော့မှာပါ "

မျက်လုံးတောက်တောက်လေးတွေနဲ့
ခေါင်းငြိမ့်ပြလာသူ ထိုကလေးငယ်ဟာ
နှစ်တိုင်းလိုလို အတူရှိမနေတတ်တဲ့
မွေးနေ့ပွဲငယ်အား ယနေ့မှာလည်း
မိခင်ဖြစ်သူ ပြန်မလာမည် စိုးရိမ်နေခဲ့သည်။

" ရိပေါ် မားကို ကြည့် မားက ဒီနေ့ကစပြီး မင်းရဲ့ မား မား ဖြစ်သွားပြီ "

သွေးတွေ လွမ်းနေသော ထိုဝမ်ငယ်အမည်ရှိသည့် ပုံရိပ်ငယ်ဟာ မျက်ရည်တွေ ရစ်ဝိုင်းနေသော မျက်ဝန်းတွေကို အားယူပြုံး
သူ့ရှေ့က မျက်ရည်တွေနဲ့ ဆိုနေခဲ့သော
မားမားဟူသော ထို အမျိုးသမီး၏ ပါးပြင်အား လက်သေးသေးလေးများဖြင့် အုပ်မိုးကာ

"အန်တီက သားရဲ့ မား မဟုတ်ဘူးလေ
ဒါပေမယ့် သားသိပါတယ် မားနဲ့ပါးက ဆုံးသွားလို့ မသေခင် အန်တီကို သားကို ပေးခဲ့တာ မလား "

"ကလေးငယ်ရယ် *sob* "

အရွယ်နဲ့ မလိုက်ရစ်ကျက်နေသော
ထိုကလေးငယ်အား အမျိုးသမီးဟာ
မျက်ရည်တွေနဲ့ တယုတယ ဖက်တွယ်‌လာသည်။
ချစ်ခင်ရပါသော အမျိုးသမီး ၏ သားငယ်ဟာလည်း သူ(မ)၏ သားငယ်သာပေ

" မားမား တို့ အိမ်ပြန်ရအောင် ရိပေါ် "

အသာအယာ ခေါင်းငြိမ့်ပြလာသော ကလေးရဲ့ လက်ကို ဆွဲကာ ဆေးရုံကနေ ထွက်လာလိုက်သည်။
အငြိုးတကြီး ကျရောက်နေတဲ့ မိုးစက်တွေဟာ ရိပေါ့်ရဲ့ မိသားစုဘဝလေးကိုထိုနေ့က ပြောင်းလဲစေခဲ့တယ်
ထို့အတူ ရှောင်ကျန့်ရဲ့ ဘဝလေးကိုရောပေါ့

PAIN..(Complete)Where stories live. Discover now