Ep-12

1.8K 145 17
                                    

Uni ⚜️

______

_ သည်းခံမှုဆိုတာ ခါးသီးပေမယ့် ရလဒ်က ချိုမြိန်ပါတယ်တဲ့ ငါ့အတွက်တော့ နှစ်ခုလုံးက
ခါးသီးခဲ့တယ် မောင် _

_______________

* ချစ်တယ် *

*ဟင် ...?*

* မောင် မင်းကို သိပ်ချစ်တယ် အသက်ငယ်~*

အသက်မဲ့နေတဲ့ မျက်ဝန်းသေတွေ
အရောင် လတ်လာတဲ့ အဲ့အချိန်ကို ရှောင်ကျန့်သေသေချာချာ မှတ်မိသေးတယ်
Broken family ကနေ ကြီးပြင်လာရတဲ့
အသက်ဟာ အသက်မဲ့နေတဲ့ မျက်ဝန်းသေတွေနဲ့ သူ့ဆီ ရောက်လာခဲ့တာ

ရှောင်ကျန့် ကိုယ်တိုင်ဟာ လည်း
Broken familyက ဆိုပေမယ့်
မားနဲ့ပါးဟာ စကားမပြောတာကလွဲလို့ ‌နှစ်ယောက်လုံးက ရှောင်ကျန့်ကို သိပ်ချစ်ကြသည်။သို့သော် ရိပေါ်ဘဝဟာ ထိုသို့မဟုတ်ခဲ့
မိန်းမချင်း နှစ်သက်မှုကြောင့် ခင်ပွန်းသည်ဆီက အထင်သေး နှိပ်စက်ခြင်းခံခဲ့ရတဲ့ မိခင်

မိန်းမ ရှုပ်ကာ သောက်စားမူးယစ်တတ်သော
ဖခင်ဟာ ရိပေါ့်ကို ပေးဖို့အချိန်တွေ မလုံလောက်တဲ့အပြင် ပေးစရာ ပိုလျှံနေပါသော မေတ္တာဓာတ်တို့ရယ်လည်း မရှိခဲ့ ပေ
ဒါကြောင့် ဒီကောင်လေးဟာ မားမားကို သိပ်တွယ်တာတာ ရှောင်ကျန့် နားလည်မိပါတယ်
ဒါပေမယ့်လည်း ..

"အဟင်း ..."

ခပ်သာသာ ရယ်မောမိတော့
မျက်စိရှေ့က တလှုပ်လှုပ်ကျောပြင်ငယ်ဟာ အနည်းငယ် တွန့်သွားသည်အား ရှောင်ကျန့် မြင်လိုက်ရသည် ။
Calculator တစ်လုံးနဲ့ အလုပ်ရှုပ်နေသော
အသက်ငယ်ဟာ အရင်အတိုင်းဘဲ ရှိပါသေးသည်။

အရာအားလုံး မပြောင်းမလဲရှိနေပေမယ့်
မောင်တို့ကြားက ဆက်ဆံရေးကတော့ ပြောင်းလဲသွားခဲ့ပြီပေါ့ ချစ်သူ
‌မင်းနဲ့ ကိုယ်က နီးလာတယ် ထင်ရပေမယ့်
တစ်ကယ်တန်းတော့ တဖြည်းဖြည်း
ဝေးကွာလာကြရောပေါ့ အသက်ငယ်ရယ်

" မောင် မအိပ်သေးဘူးလား "

စာရင်းတွေ စစ်နေတဲ့ ရိပေါ်က လက်က နာရီကို ငုံ့ကြည့်ရင်း ကုတင်ပေါ် ထိုင်နေတဲ့
မအိပ်ပါသေးသော သူအား စိတ်ပူဟန် လှမ်းပြောတော့ ရှောင်ကျန့်က အသာ ခေါင်းရမ်းပြသည်။

PAIN..(Complete)Where stories live. Discover now