Ep-8

1.9K 149 18
                                    

Uni ⚜️

__________

_ငါက မောင့်အနားမှာ ခိုကပ်ကာ မေတ္တာ တောင်းခံနေတဲ့ သနားစရာ ကပ်ပါးကောင်သာသာ ပါ မောင် _

°°°°°°°°°°°°°

" အင်း ..ဘယ်ဘက်နည်းနည်းအဲအဲရပ်ရပ်
ရပြီ "

ရိပေါ်သည် မှန်ဘောင်သွင်းထားသော
ပန်းချီကားတစ်ချက်အား ဂရုတစိုက်
ချိတ်ဆွဲခိုင်းနေခြင်း
ခနလေးနဲ့ ပြီးမြှောက်သွားတဲ့ ဆိုင်ငယ် လှလှလေးဟာ အကိုJoke ပြောသည့်အတိုင်း
ငွေလေးပြပြီး လက်ဖြောက်လေးတီးလိုက်ရုံဆိုဘဲ

" ရိပေါ်ရဲ့ အတွေးက ထူးခြားတာဘဲ "

"ဘာတွေများ ထူးခြားလို့လည်း အကိုJoke "

" ကြည့်လိုက်လေ ဖွင့်တာ ကပန်းဆိုင်
ရိပေါ် ချိတ်ထားတာ စီးကရပ်တွေ နဲ့ ပန်းချီကား "

ဆိုင်အလယ်က နံရံ တွင်လှလှပပနေရာယူနေသော ပန်းချီကားကား တစ်ချပ်အား ကြည့်ကာ jokeက လက်ပိုက်ကာ ကြည့်ရင်း
နားမလည် ဟန် ခေါင်းတစ်ချက် စောင်းလို့
မေးတော့ ရိပေါ်က ခပ်ဟဟလေးရယ်သည်။

"အကိုကလည်း ဒီမှာ နှင်းဆီပန်းပါတယ်လေ "

"အာ "

ထိုအခါမှ Joke သည် စီးကရပ်ငွေ့တွေကြား
နီနီရဲရဲ နှင်းဆီပန်းငယ်အား ရှာတွေ့တော့သည်။ ဘေးနားတွင် တော့ ကြွေကျနေသော နှင်းဆီဆူးများ ..
အို ထို နှင်းဆီပန်းငယ်ခပ်နီနီဟာ ဆူးများအား ကိုယ်တိုင်ခြွေချထားပါသည်တဲ့လား

" သိပ်လက်ရာမြောက်လိုက်တာ "

"ဟီး ကျွန်တော် ကိုယ်တိုင် ဆွဲထားတာလေ"

အကို joke ရဲ့ချီးကျူးစကားကို ရိပေါ်က
လည်ပင်း ပွတ်လို့ ခပ်ဟဟလေးရယ်ကာ
ပြောသည်။

"ဝိုး အကို့ ရဲ့ ညီလေးက ဘက်စုံတော်တာဘဲ".

"ဟဟ အကိုJokeရာ အချင်းချင်းမြှောက်မနေပါနဲ့ ကျွန်တော် နေ့လည်စာ‌ဒကာခံမှာပါ "

"ဟားဟား"

ရိပေါ်က ပုခုံးချင်းတိုက်ကာ ဆိုတော့
အကို Joke က ခေါင်းမော့ကာ ရယ်သည်။

ဝန်ထမ်းတွေ အနည်းငယ်ရှုပ်ရှက်ခတ်နေသော ဆိုင်ငယ်လေးအတွင်း
ပုံမှန်သွားလာ‌လှုပ်ရှားနေသော ပတ်ဝန်းကျင်အတွင်းတွင်
ထိုသိပ်လှပသော ပန်းချီကားလေးနောက်ခံထားရင်း မြင်ရခဲသော အပြုံးလှလှတွေဟာ
ခေတ္တခန မျှ အသက်ဝင်သွားသည်။

PAIN..(Complete)Where stories live. Discover now