Ep-3

2.6K 182 10
                                    

Uni ⚜️

°°°°°°°°°

နာကျင်မှုတို့နဲ့ နိုးထလာရတဲ့
မနက်ခင်းကသိပ်တော့ ပြီးပြည့်စုံ မနေခဲ့
ကျောရိုး တစ်လျှောက် အနည်းငယ် လှုပ်မိတာနဲ့ အီစောင့်နေသည်မို့ ရီပေါ်မှာ မလူးလွန့်သာ

နာကျင်မှုနဲ့ ထိုက်တန်တဲ့ အရာတစ်ခုကိုတော့ သူရလိုက်ပါသည်။
မောင်ဟာ သူ့ကို တင်းကျပ်စွာ ထွေးပွေ့ထားပါသည်တဲ့ ..
ရိပေါ်၏ လက်ဖြူဖြူတို့ဟာ
အလွန်တရာမှဘဲ မောင့်၏ မှဲ့နက်လေးအား ထိတွေ့ချင်နေမိသည်။
မောင်နိုးသွားလေမလား

"အင့် !!"

ပိုတိုးလို့ ဖျစ် ညစ်လာတဲ့ မောင်ကြောင့်
သူ့မှာအင့်ခနဲ မောင်ဟာတော့ နိုးပုံ မပေါ်
အဝတ်မပါတဲ့ ခန္တာကိုယ် ကြောင့် ရိပေါ် ၏ ပါးလေး နှစ်ဖက်ဟာ နီမြန်းသွားသလို
နှလုံးသားလေးဟာလည်း နွေးထွေးသွားခဲ့သည်။
မောင်သူ့ကို ညက အရယူခဲ့ပါသည်တဲ့
နောက်ပြီး မနက်ခင်းဟာ မောင့်ရင်ခွင်နဲ့ အတူ နိုးထလာရသည်။

ရှောင်ကျန့် ရင်ဘက်ပေါ်ရှိ လက်ဖြူဖြူလေးဟာ တုန်ရီနေခဲ့သည်
ပေါက်ပြဲနေသော နှုတ်ခမ်းဖူးဖူးလေးဟာ ပြုံးသယောင်ယောင်
ဟုတ်တယ် ဝမ်ရိပေါ်ဆိုသော ကောင်လေးဟာ ပျော်နေခဲ့တာ သတိမေ့တဲ့ထိတောင် လုပ်ရက်ရလားလို့ အပြစ်တင်ရမည့်အစား
မောင့်ရင်ခွင်မှာ နိုးထခွင့်ရပါသည်‌ဆိုသော အချက်လေးကို သူ့မှာ ပျော်လို့ မဆုံးနိုင်

"ပြွတ်စ် ! ချစ်တယ် မောင် "

ခပ်သာသာဘဲ ပါးလေးကို နမ်းလိုက်ပြီး
မဝံ့ရဲစွာ ခပ်တိုးတိုးကလေး ဆိုလိုက်သည်။
ထို့နောက်တင်တော့ မောင့်လက်တွေကို အသာဖယ်ကာ ထလိုက်တော့သည်။
မောင်မနိုးခင်သူထရမယ် အကယ်၍ သူမောင့် ရင်ခွင်ထဲအိပ်မိနေတာ မောင်သိသွားရင် သူ့ကို ပိုပြီး မုန်းမှာထက် မောင်ပိုပြီး စိတ်ရှုပ်မှာ မလိုလားဘူး

မောင့် မျက်နှာချောချောလေးမှာ နားခိုနေတဲ့ မှဲ့နက်လေးကို သူမနာလိုပြန်သည်။
တစ်နေ့တောင် မောင့်လက်တွေကို ဆွဲလို့
အဆုံးမရှိတဲ့ နေကြာပန်းခင်းကြီးထဲ ပတ်ပြေးရင်း မောင့်ရင်ခွင်မှီကာ နေဝင်ချိန်အလှကိုခံစားချင်တာကလည်း ရိပေါ်၏ အိမ်မက်သေးသေးလေး ဖြစ်သလို
ဘယ်တော့မှ ဖြစ်မလာတော့မယ့် အရာလည်း ဖြစ်ပြန်သည်။

PAIN..(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ