Ep-5

2.4K 170 10
                                    

Uni ⚜️

°°°°°°°

_ မေတ္တာတွေက အသွားအပြန်ရှိတယ်တဲ့
ငါ့အတွက်တော့ မေတ္တာတွေအစား
မောင့်ရဲ့ ဥပက္ခာတွေကသာ
အပြန်ရှိသည်ထင်ပါရဲ့ မောင်_

°°°°°°°°°
" ဒုန်း !!!"

"!!!!"

ဆိုဖာပေါ်မှာအိပ်စောင့်နေတဲ့ ရိပေါ်ကိုယ်လေးဟာ တံခါးဖွင့်သံ ခပ်ကျယ်ကျယ်ကြောင့်
တုန်ရီသွားသည်။
တတောက်တောက်နာရီလက်တံတွေက
ဆယ်နှစ်နာရီကို ညွှန်ပြလို့

‌ယိုင်နဲ့နဲ့ဝင်လာသူကို အမှောင်ထဲကနေ
ကြည့်ရင်း ထူရန် အိပ်နေရာက ထလိုက်သည်
မောင် ပြန်လာတာ နောက်က‌ျတယ်
ဘာလို့လည်း သူမမေးသလို
မေးစရာလည်း အကြောင်းမရှိပေ
ထို့အပြင် မောင်ကရော သူ့စကားကို
တရေးတယူလုပ်၍ ဖြေပါမည်တဲ့လား

"အင့် !"

"မထိနဲ့ မင်း !!"

အဝေးကိုတွန်းခံလိုက်ရတဲ့ ရိပေါ်ဟာ မောင့်ကို
အိပ်ထား၍ ဖောင်းနေသော မျက်လုံးမှေး"လေးကို ပြူးကာ တအံ့တဩကြည့်ရှာသည်။
ဆေးသုံးလာတာ များသွားသဖြင့်
ရှောင်ကျန့်သည် ရိပေါ်အား တခုခု လုပ်မည်သွားမည် ဆိုး၍ အနားအကပ်မခံခြင်း

အသက်က သူယူထားတယ်ဆိုပေမယ့်
အမြဲ ကုတင်ပေါ်နေပေးရအောင် မိန်းမ တစ်ယောက်မဟုတ်တဲ့အပြင်
အသက်ဟာ အမျိုးသားကောင်းတစ်ယောက် ဘဲလေ

"အဟက်!"

ထိုသို့တွေးနေတုန်း
တစ်ချိန်ကဖခင်နဲ့ချစ်ရသူပုံရိပ်ဆိုးတွေဟာ မှတ်ဉာဏ်မှာ ထင်ဟပ်လာတော့
ရှောင်ကျန့်ဟာ ခေါင်းတငြိမ့်ငြိမ့်နဲ့
ဟက်ခနဲဘဲရယ်ချလိုက်သည်

ဒါပေါ့ ဒါပေါ့
အမျိုးသားကောင်းက ဖခင်ရဲ့
ကုတင်ပေါ်မှာ !
မင်းက မောင့်ကို ရှင်းပြခြင်း‌ေတာင်မရှိသလို
ခွင့်လွှတ်ပေးပါဆိုပြီး တောင်းပန်ခြင်း
မပြခဲ့တဲ့ အသက်ဟာ နားလည်နိုင်စရာ
ရှိမနေပြန်

ရိပေါ် သည် မိမိကို ကြည့်ကာ ဟက်ခနဲ ရယ်ချလိုက်သူကြောင့်
မျက်မှောင်တွေကျုံ့သွားရသည်
မောင်ဟာ ဘာတွေ ဖြစ်ချင်နေပြန်ရတာလဲ
ထို့နောက်တွင်တော့
မောင့်ကို ကျောခိုင်းလိုက်မိသည်

PAIN..(Complete)Where stories live. Discover now