Ep-2

2.9K 214 17
                                    

Uni ⚜️

°°°°°°°°°°

အပ်ကျသံပင်ကြားရနိုင်‌ေလာက်အောင်
တိတ်ဆိတ်လွန်းလှတဲ့ အခန်းကျယ်ကြီးထဲ
ရိပေါ် မျက်စိရှေ့က လက်ထပ်စာချုပ်ကို
ကြည့်လိုက် မောင့်ကို ကြည့်လိုက်နဲ့
မောင်သည် သူ့အတွေးတွေကို ရိပ်မိသည့်အလား ခေါင်းမော့ရင်း လှောင်ရယ်ပြန်သည်။

"အဟက်! မင်းကို ငါက ခန်းခန်းနားနားနဲ့
လူသိရှင်ကြားလက်ထပ်ပေးမယ်လို့ ထင်နေခဲ့တာလား ဆုတောင်းနေလိုက် "

ရိပေါ်သည် မောင့်စကားတွေကြောင့်
ဝေ့ဝ‌ဲနေသော မျက်ရည်‌တို့အား ဘေးနားက
မောင်ရော မောင့်သူငယ်ချင်းဖြစ်တဲ့ ရှေ့နေ့
Joke ကိုရော မတွေ့စေရန် ခေါင်းငုံ့လို့
ခပ်ပြုံးပြုံးလေး ခေါင်းခါပြလိုက်မိသည်။
တုန်ရီသော လက်တို့ဟာ စာချုပ်လေး ပွတ်သပ်ရင်းမှ နှုတ်ကလည်းတိုးညှင်းစွာဘဲ

" မထင်ဝံ့ပါဘူး မောင် ငါ့မှာ အဲ့လိုထင်ဖို့တောင် အခွင့်အရေးမရှိတာဘဲဟာ~"

Joke မှာလည်း အနေခတ်လွန်း၍ သက်ပြင်းသာ အခါခါ ချနိုင်တော့တယ်
သူလည်း ဒီနှစ်ယောက် ပြန်ပြေလည်အောင်
ဘယ်လို လုပ်ပေးရတော့မလည်းမသိတော့ပါ
မျက်ရည်တွေနဲ့ ပြုံးနေတဲ့ ရိပေါ်ကိုသနားသလို
ဖခင်ဆုံးရှုံးလိုက်ရတဲ့အပြင် မိခင်ကပါ ကိုမာ ဝင်နေတဲ့ ရှောင်းကျန့်ကိုလည်း သူစာနာသည်။

" ပြီးပြီ Joke မင်းကိုလည်း အားနာပေမယ့်
ငါသွားတော့မယ် ဒီမှာ ခနလေးတောင်ဆက်မနေချင်တော့လည်း အော်ဒါနဲ့ ဒီမှာတည်းမှာလား "

လက်မှတ်ထိုးပြီးတာနဲ့ ရှောင်ကျန့်က အလျင်စလိုဘဲ ဆိုဖာပေါ်က coatကိုယူကာ ဆိုသည်။
Joke သည် စာချုပ်စာတန်းတွေ သိမ်းစရာရှိတာ သိမ်းနေရင်းမှ ထရပ်လိုက်ပြီး

" မတည်းတော့ဘူးလေ Hotel မှာဘ‌ဲအိပ်တော့မယ် အော်ငါဒါနဲ့ ရောက်တုန်းမားဆီခနသွားအုံးမလားလို့ လိုက်အုံးမလား "

"တော်ပါ "

ရှောင်ကျန့်သည် Joke ပုခုံးတစ်ဖက်အား တိုက်ကာ ခပ်ပြတ်ပြတ်ပြောရင်း ထွက်ခွာသွားတော့သည်။
Joke မှာလည်း ခေါင်းမာလှသူအား ကြည့်ရင်း ခေါင်းခါလိုက်ရုံသာ တတ်နိုင်တော့သည်။
ကိုမာဝင်နေတဲ့ မိခင်ဖြစ်သူတောင် သွားမကြည့် တဲ့ ရှောင်ကျန့်ဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ရော ရိပေါ် အပေါ်မှာရော ပတ်သတ်ပြီး
စိတ်အတော်နာနေပုံ
သူဘယ်‌လိုဖြောင်းဖြဖြ မရသည်မှာ အမေရိကမှာနေကတည်းကနေ ခုခနပြန်လာတဲ့အထိဘဲ

PAIN..(Complete)Where stories live. Discover now