Ep-11

1.8K 137 24
                                    

Uni ⚜️

_______

_ တစ်နေ့တော့ ငါ့မေတ္တာဆူးတွေ
မောင်စူးလိမ့်မှာ ‌ကြောက်မိသည် _

_________

* မောင် ..*

*ဟင် ! ?*

* ငါ့ကို မောင်လို့ ခေါ်ရမယ် *

*အာ....*

*ခု မြန်မြန် !!!*

*ဟို ....ဟို မောင် ~~*

မွေးနေ့ လက်ဆောင်အနေနဲ့ ဘာလုပ်ပေးရမလည်း မေးသော အနှီကလေးငယ်ကို
မောင်ဟု အတင်း အကျပ် ခေါ်ခိုင်းစေခြင်း
ခပ်တိုးတိုး လွှင့်ပြယ်လာတဲ့ နှုတ်ခမ်းဖူးဖူးကြားက မောင်'ဟုသော အသံခပ်ဩဩလေးက နားစည်ကို တန်ပြန်တလဲလဲ ပဲ့တင်သံ ထပ်လို့ နှလုံးသားလေးက အမိန့်မနာခံစွာ တငြိမ့်ငြိမ့် လှုပ်ခါလျက်

*ခုကစပြီး မောင်လို့ ခေါ်ရမယ် ကြားလား!*

*ဟင်! အင်း *

ကြောင်တောင်တောင်လေး ခေါင်းငြိမ့်ပြလာတဲ့ အသက်ငယ်ရဲ့ အူတူတူ ပုံရိပ်ငယ်ဟာ
မောင့်ဘဝမှာ အလှပဆုံး မွေးနေ့ လက်ဆောင်လေးတစ်ခု
ထိုအချိန်ကတည်းက မောင် 'ဟုသော
အသံ ခပ်ဩဩလေးကို စွဲလွမ်းတတ်ခဲ့သည်ပင်

"အဟင်း ~~"

ရှောင်ကျန့်သည် အတိတ်က အတွေးပုံရိပ်တွေကို ‌ေခါင်းရမ်းကာ ခါထုတ်လိုက်ရင်း
ကားအတွင်းကနေ တစ်ဖက်လမ်းက ဆိုင်အတွင်းရှိ နှင်းဆီပန်း နီနီတွေနဲ့ အလှုပ်ရှုပ်နေသောအသက်ရဲ့ ပုံရိပ်ငယ်အား ငေးမောဟာ ခပ်ဟဟ ရယ်ချလိုက်သည်။

Dear Darling ဆိုတဲ့ ပန်းဆိုင်ငယ်လေးက
ချစ်ခင်ရသူ အသက်ရဲ့ ပုံရိပ်တွေနဲ့တင် အသက်ဝင်ကာ လှပဆဲပါ
အသက်ငယ်ရဲ့ အပြုံးလှလှတွေ ခံယူရနေတဲ့
ဝယ်သူတွေကို မောင်တော့ မနာလို မိပါရဲ့

မိနစ် အတော်ကြာတော့မှ ထိုဆိုင်ခပ်လှမ်းလှမ်းက ရပ်ထားသည့် ကားလေးသည်
အခြားလူတစ်ယောက်အား ခိုင်းကာ နှင်းဆီပန်းတွေ ဝယ်ပြီးမှပြန်ထွက်သွားတော့သည်။

" အကို ရိပေါ် ကျွန်တော်တို့ ခြံက Daisy ပန်းတွေ ရှိတယ် ယူအုံးမလား "

"ဟင် Daisy !!!"

ပန်းတွေ ပြင်နေသော ရိပေါ့်လက်တွေဟာ
ထို နာမ်စားကြောင့် အနည်းငယ် တုန်ရီကုန်သလို မျက်နှာဟာလည်း တုန်လှုပ်နေဟန်
ရိပေါ့် မျက်ဝန်းရိပ်တွေထဲ တွင် ကြောက်ရွံ့မှုတွေနဲ့ နာကျင်မှုတွေ အစားထိုးဝင်လာတော့သည်။

PAIN..(Complete)Where stories live. Discover now