Ep-23

1.9K 120 13
                                    

Uni ⚜️

__________

_ တစ်ခါတစ်လေ အချစ်ဆိုတာ ဘာလဲလို့
အတိတ်ကို ပြန်သွားရှာတဲ့အခါ
‌မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ ဘဲပြည့်နက်လို့
နာကျင်မှုတွေဘဲ ပြန်ရခဲ့ပါသည်ပေါ့ချစ်သူ_

__________

" အဟက် မဂ်လာပွဲဖျက်မယ်ဟုတ်လားကျန့်"

"မင်း ကတိမတည်ခဲ့ဘူးလေ Daisy "

"ဝမ်ရိပေါ်က ကျန့်ကိုပြန်လက်ခံနိုင်မယ်လို့
ကျန့်က ထင်နေတာလား ဒီမှာ ကျန့်
ကျန့် လက်ခံခံ မခံခံ အခုချိန်မှာ ကျန့်အတွက်
ရွေးချယ်မှုက Daisyကလွဲလို့အခြား မရှိတော့ဘူး "

ရှောင်ကျန့်သည် daisyအား စိတ်ရှုပ်စွာကြည့်လိုက်ပြီးနောက် ကုဒ်အတွင်းမှာ ထည့်ထားသော လက်မှတ်များကို စားပွဲပေါ် ပစ်တင်လိုက်သည်။
အသက်ငယ်ဟာ မည်သည့်အခြေအနေ မျိုးဖြစ်စေ ရှောင်ကျန့် အနားကထွက်မသွားဘူးဆိုတာ daisyက မေ့လျော့လို့နေသလားတော့ မပြောတတ်ပေ

" ဒါဘာလဲကျန့် "

"မြင်တဲ့အတိုင်းဘဲ "

" ဘာလဲ daisyက ဒီတိုင်း ထွက်သွားလိမ့်မယ် ထင်နေတာလားကျန့် !!"

Daisyက စားပွဲပေါ်က လေယာဉ်လက်မှတ်တွေကို လွှင့်ပစ်ကာ ဆိုလာတဲ့အခါ
ရှောင်ကျန့် စိတ်ညစ်စွာဘဲ သက်ပြင်း အခါခါချမိသည်။ ဒီ အမျိုးသမီးက သူထင်တာထက် ပို အကြောတင်းနေသည်မှာ တစ်ကယ့်ကို အကျပ်ရိုက်စရာ

" ကျစ်!! Daisy ကျေးဇူးပြုပြီး ငါ့ဘဝကို နှောက်ယှက်နေတာတွေ ရပ်လိုက်ပါတော့ "

"အဟက် အခုတော့ အနှောက်အယှက်လို့
ကျန့်ကပါ မြင်ခဲ့ပြီပေါ့လေ "

မျက်ရည်တွေ ရစ်ဝိုင်းလာတဲ့ သူ(မ)ဟာ
ကျန်ရစ်နေတဲ့ သက်တမ်းသေးသေးလေးမှာပင် ချစ်သူနဲ့ ကုန်ဆုံးဖို့ကံပါမလာပုံ
သူ(မ)ဟာ အစကနေ အဆုံးထိ ချစ်ရသူ မျက်လုံးထဲတွင် အနှောက်အယှက် တစ်ခုထပ် မပိုခဲ့ကြောင်း ယခု သိခဲ့ရပြီဖြစ်သည်။
ကျဆင်းလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ကာ daisyဟာ မျက်လုံးဝိုင်းဝိုင်းများဖြင့် သနားစဖွယ်ကောင်းအောင် ကြည့်လာသည်။

PAIN..(Complete)Where stories live. Discover now