Ep-10

2.1K 148 10
                                    

Uni ⚜️

_________

တိမ်လိပ်မဲမဲတွေ ကို ငေးရင်း
မောင့်ရပ်ဝန်းမှာ နွေးထွေးစေဖို့
ဆုတောင်းခြွေမိတယ်...

_______________

တိတ်ဆိတ်နေတဲ့ အမှောင်ယံမှာ
သည်းထန်စွာ အငြိုးတကြီး ရွာသွန်းနေသော
မိုးသံတို့မှ တပါး
မှောင်မိုက်နေတဲ့ ကောင်းကင်ယံဟာလည်း
‌ကြယ်ရောင်လရောင်တို့ ကင်းမဲ့လို့ တိမ်လိပ်မဲမဲတို့ဟာ အထီးကျန်စွာ ငိုကြွေးကြသတဲ့ ...

လှုပ်ရှားခြင်းကင်းမဲ့စွာ မိုးရေတွေကြား
ရပ်နေပါသော အနှီလူသားသည် မိုးရေတွေကြားက လှုပ်ခတ်နေသော နှင်းဆီပန်း နီနီတို့အားသာ မမှုန်မသုန် စိုက်ကြည့်နေခဲ့သည်။
တစ်စက်စက် တုန်ရီနေသော လက်တို့ဟာ
လက်သီး ခပ်တင်းတင်း ဆုပ်လို့
ခပ်လှုပ်လှုပ် နှုတ်ခမ်းဖူးဖူးလေးဟာ
တစ်ခုခု ပြောထွက်ချင်နေဟန်

" ချမ်းတယ် ..မောင် "

မလှုပ်မရှက် ရပ်နေသော ကိုယ်လေးဟာ
မိုးလုံဖို့ရာလည်း အထဲသို့ဝင်မသွားပါဘဲ
ဆိုင်သာ ဆိုင် မပိုင်ပါသော
မောင့် ရင်ခွင်အားသာခိုလှုံနေချင်ပြန်
တုံးအလိုက်လေခြင်း

"တောင်း ပန် ပါ တယ် ~ "

နှင်းဆီပန်း နီနီတွေကို ခပ်ထွေထွေ ကြည့်လို့
ဆိုသော ရိပေါ်ဟာ ရည်ရွယ်သူမှာ
ချစ်ရသောမောင် ...
ပါးပြင်တစ်လျှောက် စီးကျလာသော
မျက်ရည်ခပ်နွေးနွေးတို့ဟာ
မိုးရေ တွေပါလို့ လိမ်လည်လျှင်
အေးစက်တဲ့ မိုးရေတွေဟာ ရိပေါ့အား လှောင်ပြောင်ကြ ပါလိမ့်အုံးမည်။

မောင်ပြောသလို ရိပေါ်ဟာ တည်ငြိမ်နေတဲ့
မောင့်ဘဝ ကို ဝင်ပြီး ဂယက်ထစေခဲ့သော
အပြင်လူသာ ပင် သို့သော်များ...

အတ္တကြီး တယ်ဆိုလည်း ကြီးတယ် မောင်
လောကကြီးကို စိတ်ကုန်နေတဲ့ငါ
ခံစားချက်တွေ သေနေတဲ့ ငါက မောင့်ဆိုတဲ့
မင်းနဲ့ ကြမှ ငါ့ ကမ္ဘာကြီးက တဖန် အရောင်စိုပြေခဲ့တာမို့ အမှောင်ထဲက လမ်းပြောက်နေတဲ့ ကလေးငယ်ငါက တစ်ခုတည်းသော အလင်းရောင်လေးမောင့် ကို ဆွဲထားခွင့် ရှိပါရဲ့လားမောင်

PAIN..(Complete)Where stories live. Discover now