Ep-7

2.1K 153 6
                                    

Uni ⚜️

°°°°°°°°°°

_ မောင်ဟာ စီးကရပ်တွေ သိပ်ကြိုက်သူပါဆို
ငါဟာ မောင် နှုတ်ခမ်းပါးကနေ မှုတ်ထုတ်လိုက်တဲ့ လွင့်ပြယ်သွားတဲ့ အငွေ့အသက်တွေ
ဖြစ်ခွင့်ရချင်တယ် မောင် _

°°°°°°°°°°°°°°°°°

ကုတင်ထက်တွင် လှလှပပလေး ရှိနေသော
အဝါရောင် ကျူးလစ်ငယ်တွေ
မျှော်လင့်ခြင်း တဲ့ အဟက်!
Black shirt ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
ကိုယ်လုံးပေါ် မှန်ရှေ့ရပ်ကာ
သေချာ ပြင်ဆင်နေပါသော မောင်ဟာ
ဘယ်ကို သွားမည်မှန်း ရိပ်မိသလို
ယနေ့သည် မည်သည့်နေ့မှန်းလည်း သူသိလိုက်ပါသည်။

သူ့ဘဝကို ကမှောက်ကမတွေ ဖြစ်စေခဲ့သော
ထိုနေ့‌ကို ရိပေါ်ဟာ မေ့နေစရာတော့ အကြောင်းမရှိ
ဖခင်ဆီကို သွားရန် ပြင်နေသော မောင်ဟာ
မျှော်လင့်ချင်းဟု အဓိပ္ပာယ်ဆောင်သော
ကျူးလစ်ဝါဝါတွေ ယူဆောင်သွားလေ့ရှိသည်။
မောင်ဟာ မည်သည့်အရာကိုများ မျှော်လင့်နေပါသနည်း

မောင်သည် မောင်အဆိုရှိပါသော
လူသတ်သမားအား လက်ထပ်လိုက်ရသည့်အတွက် ဖခင်ဆီမှ ခွင့်လွှင့်မှုကို မျှော်လင့်နေပါသည်လား
ဒါဖြင့် မောင်သည် မောင်အလွန်ယုံကြည်ရပါသော ဖခင်ကို မကာကွယ်နိုင်ခဲ့သည်တို့ အတွက် ခွင့်လွှတ်ရန်မျှော်လင့်နေပါသည်လား

" အဟင်း မျက်နှာပြောင်ပြီးတော့ တော့
မလိုက်ဘူးမလား "

ကုတင်စွန်းတွင် ကျောက်ရုပ်ပမာ ထိုင်နေသော ရိပေါ်အား ရှောင်ကျန့်က နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ဆိုလာတော့ ရိပေါ်သည် အခြားတစ်ဖက်သို့သာ ခပ်တင်းတင်း မျက်နှာလွဲလိုက်သည်။
ငါ သိပ်ကြောက်ရပါသော
ငါ သိပ် စိတ်နာရပါသော
ငါ ကိုယ့်ကိုယ်ကိုယ် အဆုံးပြောက်ကွယ်သွားချင်တဲ့ထိ ဖြစ်စေခဲ့သော မောင့်ဖခင်ရှိရာသို့
ငါဟာ လိုက်မည် ထင်နေလေရော့သလား မောင်

" ဒီနေ့ အိမ်ပြန်မလာဘူး ...."

"အင်း မောင်ဘယ်တုန်းကမှလည်း ပြန်မလာခဲ့ပါဘူး "

ခပ်တိုးတိုး ရေရွတ်သံလေးကိုတော့
ထွက်ခွာသွားသော ကျောပြင်ငယ်ဟာ
မကြားနိုင်ခဲ့။
ဒီနေ့က မောင့်ဖခင် ဆုံးတာ သုံးလပြည့်တဲ့နေ့
ငါ့ အိမ်မက်ဆိုးတွေကနေ လွတ်မြောက်ခဲ့တာ သုံးလပြည့်ပါရောလား မောင်

PAIN..(Complete)Where stories live. Discover now