Ep-26 (final part)

4.3K 172 39
                                    

Uni ⚜️

________

_ နေမင်းကြီး ဖြစ်မယ့်အစား ပန်းကလေးတွေနဲ့ ထိတွေ့ခွင့်ရသော လေပြေကလေးသာ မောင်ဖြစ်ချင်ပါသည် _

_________

အသက်မဲ့‌ေနတဲ့ မျက်ဝန်းညိုတွေဟာ ဟိုးအဝေးတစ်နေရာကို အကြောင်းမရှိငေးကြည့်နေရှာ
လေပြေအေးအေးလေး ဝှေ့လာတဲ့အခါတောင် သူ့နှလုံးသားက အပူမီးများကို ငြိမ်းမသက်နိုင်ခဲ့ပါ။
အဓိပ္ပာယ်မရှိတော့တဲ့ ဒီဘဝမှာ ရှင်သန်ပြီး ဘယ်လို နေရမလည်း ရှောင်ကျန့် အမှန်တကယ်ပင် မသိတော့

" မင်း ငိုချင်ရင် ငိုလို့ရပါတယ်မောင် "

ရှောင်ကျန့်သည် သူ့ပုခံုးကိုကိုင်လာလာပြောသော အသက်ငယ်‌ကိုထွေထွေလေး ကြည့်လိုက်သည်။
မားမားကတော့ သူ့ကို အပူပင်ကင်းကင်း ထားသွားရက်နိုင်တာ အသက်ငယ်ကပါ
မကြာမီ ထားသွားတော့မည် ဖြစ်သည်။
နှာခေါင်းနီနီလေး ဖြစ်နေတဲ့ အသက်ငယ်ဟာလည်း ငိုထားပုံပါ
မားမား က သူ့ကိုစောင့်နေသူတွေရှိပါလျက်နဲ့ ဘာကြောင့်များ ...

" မောင် ငိုဖို့ရာ မတတ်နိုင်ခဲ့ဘူး အသက်ငယ်
မောင့် နှလုံးသားတစ်ခုလုံးနာကျင်နေလို့
မောင့်ဆီမှာ ကျစရာမျက်ရည် မရှိတော့ပါဘူး အသက်ငယ်"

ထွက်ပေါ်လာသော ရှောင်ကျန့် အသံ အက်အက်က နင့်နင့်နဲနဲပင်
ပါးပါး ဓာတ်ပုံဘေးမှာ အခုတော့ မားမား ဓာတ်ပုံကပါကပ်လျှက်နေရာယူသွားပြီဖြစ်သည်။
နှင်းဆီပန်းဖြူဖြူတွေသည်နှစ်သက်မည့်သူမရှိရှာတော့ပါ
ရှောင်ကျန့်သည် ဆရာဝန်များပြောသော စကားကို ပြန်ကြားယောင်တဲ့အခါခပ်ဟဟကလေး ရယ်ပလိုက်တော့သည်။

လူနာဟာ သူကိုယ်တိုင် ပြန်မလာချင်တော့တာ အသက်ရှင်ဖို့ စိတ်ဆန္ဒမရှိတော့လို့ သူကိုယ့်သူလက်လျော့လိုက်တာပါတဲ့
အိုမားမားဟာ ကျန်ခဲ့သူများကို ထည့်မတွေးခဲ့ပါ။ သွားရက်သူကတော့ အပူပင်ကင်းကင်း ကျန်ခဲ့ရသူတွေမှာတော့ နှလုံးသားတွေပဲ့ကြွေလို့

" မင်းပါ မရှိတော့ရင် မောင်တစ်ကယ်သေသွားမှာ အသက်ငယ်"

ငိုဖို့ရာ ပင်ပန်းသွားပါပြီဆိုသော ရှောင်ကျန့်ဟာ ယခုတော့များလည်း မျက်ရည်များဖြင့် အသက်ငယ်လက်ကိုကိုင်ကာ တောင်းပန်နေခဲ့ရှာ ။ ဒီအမှားတွေ ပြန်ပြင်ချင်သော်ငြား အသက်ငယ်ဟာ အခွင့်အရေးမပေးခဲ့
မောင်‌တစ်ယောက်တော့လမ်းပြောက်ရချေပြီပေါ့ အသက်ရေ

PAIN..(Complete)Where stories live. Discover now