Ep-18

1.8K 131 19
                                    

Uni ⚜️

__________

_ ငါ့ဘဝက နာကျင်မှုတွေပါ မောင်
ထို နာကျင်မှုများဟာ မောင့်အတွက်ကြောင့်
ဆိုသည်များဖြင့် ဖြစ်ပေါ်လာရသောအခါ
ငါသိပ်သဘောကျပါသည် _

__________

" မောင် ... မောင်ရေ "

ရိပေါ် ပြန်ရောက်ရောက်ခြင်း ပင်ပန်းနေသည်အား မနား နိုင်
အလောတကောပြန်လာရ၍ လေတိုးထားတဲ့ ဆံပင်ဖွာဖွာ များကို ပင် ဖိသပ်ဖို့သတိမေ့နေပုံ
မောင်ဟု တကြော်ကြော်ခေါ်ရင်း
ဝယ်လာတဲ့ ဖက်ထုပ်ပေါင်းပူပူများကို ပန်းကန်ထဲ ဂရုတစိုက်ထည့်နေသည်။

" ကျန့်က ရိပေါ်သွားကတည်းကအခန်းထဲကထွက်မလာတာ ခေါ်လို့လည်း မရဘူး "

"ဟုတ်ကဲ့မမ ကျွန်တော်သွားကြည့်လိုက်ပါ့မယ် "

မီးဖိုခန်းထဲ ဝင်လာကာပြောသည့်
Daisyအား ရိပေါ် ခေါင်းလေးငုံကာ တရိုတသေ ပြောပြီးထွက်လာလိုက်သည်။
‌အပြင်မှာအေးဆေးသလိုဟန်ဆောင်နေသော်ငြား မောင့်ကို စိတ်ဆိုးခဲ့တာ သူဖြစ်သော်ငြား
ယခုတော့ ရိပေါ်သာလျှင်ရှုံးရစမြဲ

* knock knock ..*

" မောင် တံခါးဖွင့်ပါအုံး "

အထဲကဘာသံမှ မကြားရလေတော့
ရိပေါ်စိတ်ပူလေပြီဖြစ်သည်။
တံခါးကို ဆက်တိုက်ခေါက်လိုက်ချင်သော်လည်း အကယ်၍ မောင်အိပ်ပျော်နေသည့် အခါ ရိပေါ် အနှောက်အယှက်မဖြစ်စေချင်ပါ ထို့နောက်ချက်ချမထားတဲ့တံခါးဘုကို ခပ်သာသာ လှည့်ကာဖွင့်လိုက်သည်။

" မောင်...!"

ကြမ်းပြင်ပေါ် ပစ်စလက်ခတ်ထိုင်ကာ ခေါင်းစိုက်နေသူတွေ့တော့ ရိပေါ့်မှာ အထိတ်တလန့်
မောင်ဟာ ဘယ်အချိန်ကတည်း ထိုင်နေခဲ့တာလည်း မောင့်လက်ထဲတွင်ခပ်တင်းတင်း
ဆုပ်ကိုင်ထားသောစက္ကူထုပ်ငယ်များအားကြည့်ရင်း ရိပေါ် ရင့်ထဲစို့နင့်လို့

" မောင့် အသက်ငယ်~~~"

မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့
မောင့် မျက်ဝန်းတွေထဲ အားငယ်မှုတွေ အပြည့် ရိပေါ် လက်ထဲကပန်းကန်လုံးလေးကို
စာကြည့်စားပွဲပေါ် အသာတင်ကာ မောင့်နားထိုင်ချလိုက်သည်။
မောင့်အသက်ငယ်တဲ့လား ~~~
အင်း ငါဟာအမြဲတမ်းအတွက် မောင့်အပိုင်လေ

PAIN..(Complete)Where stories live. Discover now