Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။
နွေရာသီလယ်ခေါင်ကြီးဖြစ်နေတော့ မခံမရပ်နိုင်အောင်ပူလို့နေသည်။ ယခုကဲ့သို့သောရာသီဥတုမျိုးတွင် လူများပို၍ကသိကအောက်ဖြစ်မည်မှာလည်းမလွဲပေ၊ အထူးသဖြင့်
'ယိချန်' အတွက်တော့ဤသည်ကမှန်ကန်နေ၏။သူတစ်စုံယောက်ကိုတောင်းပန်ရန်အတွက် ဆေးရုံသို့လာရန်ဖိအားပေးခံခဲ့ရပြီးနောက်
အနည်းငယ်ရန်စရုံနှင့်ပင် ပေါက်ကွဲသွားနိုင်သည့်ချိန်ကိုက်ဗုံးတစ်လုံးအလား ဆေးရုံထဲသို့ရောက်လာခဲ့သည်။ဆေးရုံမှာ လူများဝင်ထွက်နေ၍အတော်လေးဆူညံနေ၏။ သို့သော်ယိချန် ဆေးရုံ၏
VIP လူနာဆောင်သို့ရောက်သောအခါ အရာရာတိုင်းကတိတ်ဆိတ်သွားတော့သည်။ဆရာဝန်နှင့်သူနာပြုများက အနားယူနေသောလူနာများအား မတော်တစ်ဆနှောင့်ယှက်မိမည်စိုး၍ လေသံနှင့်ပြောဆိုနေကြသည်။ မတူသည်ကား ယိချန်သည်ဆူဆူညံညံအသံပြုလုပ်ရန် တုံ့ဆိုင်းမနေခဲ့ပါချေ။ VIPအခန်းတံခါးမဖွင့်ခင်သူတံခါးမခေါက်ခဲ့ပါ။
ဒုန်းကနဲမြည်သံနှင့်အတူ အခန်းနံရံကိုရိုက်မိသွားသောတံခါးက ဆေးရုံအိပ်ရာထက်တွင်အနားယူနေသော အမျိုးသမီးတစ်ယောက်ကို သတိပြုမိသွားစေသည်။အမျိိုးသမီးငယ်၏ခန္ဓာကိုယ်မှာ နူးညံ့သောခြုံစောင်ကိုသက်တောင့်သက်သာမှီလျက် နွေးထွေးဇိမ်ရှိသောအခြေအနေတွင်ရှိနေ၏။
သူမ၏အနီမှိုင်းမှိုင်းဆံနွယ်အတွန့်များက ဖျော့တော့သောမျက်နှာနှင့်သိသိသာသာ
ဆန့်ကျင်ကွဲပြားလျက်သူမအား အန္တရာယ်ကင်းမဲ့၍သနားစရာကောင်းပုံ ပေါ်စေသည်။အမျိုးသမီးငယ်လေး၏ ကျိုးပဲ့လွယ်သောဖြစ်တည်မှုအား မြင်လိုက်ရချိန်တွင်ယိချန်အံအားသင့်သွားသည်။ ဤမျှကျိုးပဲ့လွယ်သောသူမ၏ဖြစ်တည်မှုအား သူမြင်ဖူးသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော်လည်းသူ၏အံ့အားသင့်မှုများက အမျိုးသမီးမျက်လုံးမဖွင့်မီ စက္ကန့်အနည်းငယ်မျှသာခံလေသည်။ သူမ၏အကြည့်များကစူးရှဟန်ရှိကာ သူ့ကိုကြည့်လိုက်သည့်အခါ
ခြိမ်းခြောက်နေပုံပေါ်သည်။ ခုနမတိုင်မီက ကျိုးပဲ့လွယ်၍ အန္တရယ်မဲ့သောပုံရိပ်ရှိခဲ့သော်လည်း ပျောက်ကွယ်သွားချေပြီ။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...