RVTIACF Chapter-(43)

1.4K 221 20
                                    

Cup's note: (အရင်အပိုင်းတွေမှာ ယိချန်ရဲ့အမေနာမည် (Sun Jie)ကို ဆန်ဂျေးလို့ပြန်ခဲ့ပါတယ် အခုတော့ 'ဆွန်းကျယ်' လို့ပြောင်းသုံးသွားပါ့မယ်။ အရှေ့ပိုင်းတွေအတွက် တကယ်အားနာမိပါတယ်။ နာမည်တွေအတွက် ကူညီပေးတဲ့ RoseRose822ကိုတကယ် ကျေးဇူးတင်ပါတယ်နော်။)

CHAPTER-(43)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

နောက်တစ်နေ့ ယိချန်ဟိုတယ်တွင် နိုးလာခဲ့သည်။ အရက်နာကျခြင်းကြောင့် မူးဝေမှုကိုခံစားနေရဆဲဖြစ်ကာ သူတခြားတစ်ဖက်ကို ကြည့်လိုက်ချိန်တွင် သူ့ဘေးနားတွင် အမျိုးသမီးတစ်ယောက်ရှိနေတာကို မြင်လိုက်ရ၏။ သူရုတ်တရက် အမူးပြေသွားပြီး မနေ့ညကမှတ်ညဏ်အားလုံးလည်း သူ့ခေါင်းထဲဝင်လာတော့သည်။

သူကြောက်ရွံ့မှာကို ထပ်ပြီး မခံစားရတော့ပေ။ ပြန်စဥ်းစားကြည့်မှ သူအရက်မူးနေတာကြောင့် ဂရုတစိုက်စဥ်းစားဖို့ လုံလုံလောက်လောက် ခေါင်းကြည်မနေခဲ့ပေ။

သိပ်မကြာခင်မှာ သူ့ဘေးကအမျိုးသမီးလည်း နိုးလာလေသည်။ ယိချန်သူမကို တွန်းဖယ်ရင်း မျက်ခုံးတွေတန်းသွား၏။

"အရင်သွားနှင့်။ မင်းကို ခေါင်းဆောင်မင်းသမီးတင်ဖို့ကို နောက်မှသခင်လေးကျန်းနဲ့တွေ့ပြီး ပြောပေးမယ်။"

"ကျေးဇူးပါ သခင်လေးယိ။"

အမျိုးသမီးက သူမထွက်မသွားခင် အဝတ်အစားတွေအမြန်ကောက်ဝတ်ပြီး ပျော်ရွှင်စွာတုံ့ပြန်လာသည်။

ယိချန် သူ့အပေါ်တစ်ဖွဲဖွဲကျနေသော ရေအေးအေးအောက်မှာ မနေ့ညကပါဝင်ခဲ့သော အရှုပ်အထွေးအကြောင်း စိတ်အေးလက်အေး စဥ်းစားနေရင်း ရေပန်းအောက်မှာ ရပ်နေခဲ့သည်။ သူကပိုင်ရွယ်ဝေ့ကို ချစ်နေမိပြီဟုထင်ခဲ့ပေမယ့် မမျှော်လင့်စွာပဲ မနေ့ညကအတွက် သူမအပေါ်လုံးဝ အပြစ်ရှိစိတ် မခံစားရပေ။

အဲ့နောက်မှာတော့ ချူရှောင်းစားပွဲမှာ တောက်ပနေပုံကို ပြန်အမှတ်ရသွားပြန်သည်။ သူမရဲ့ အာဏာကြီးမားတဲ့ အငွေ့အသက်တွေက ပန်းကလေးတစ်ပွင့် သင့်တော်တဲ့မြေဆီလွှာကိုတွေ့ပြီး ပွင့်ဖူးလာသလို လူတိုင်းရဲ့အကြည့်တွေသူမအပေါ်ကပ်ညိစေတဲ့ တစ်လက်လက်တောက်နေတဲ့ အလှတရားတွေကို ထုတ်ဖော်လို့နေတယ်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now