RVTIACF Chapter-(49)

1.3K 169 2
                                    

CHAPTER-(49)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းဗီဒီယိုကိုပိတ်ပြီး စာဖိုင်နေဖတ်နေရင်းက စဥ်းစားကာခပ်တိုးတိုး ရယ်မောလိုက်သည်။

သူ့နက်ခ်တိုင်ကိုစိုက်ကြည့်နေတာ ရှောင်းဟန်ဘယ်တုန်းကသိသွားမှန်း အတိအကျမသိပေမယ့် နက်ခ်တိုင်ကိုလျော့နေတဲ့ပုံက မျှော်လင့်မထားလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။

သူမအဝတ်လဲခန်းထဲဝင်လိုက်ပြီး အချိန်မရွေးပြတ်ကျသွားတော့မယောင် ကြိုးအပါးလေးတွေနဲ့ အနီရောင်ဝတ်စုံကို ရွေးထုတ်လာသည်။ အောက်ကိုစိုက်ကျသွားတဲ့ လည်ပင်းအဟိုက်နဲ့ နူးညံ့တဲ့ချည်သားက သူမရဲ့လှပနှစ်လိုဖွယ်ပုံရိပ်ကို ထင်းနေစေသည်။ အညင်သာဆုံး လှုပ်ရှားမှုလေးကတောင် သူမဝတ်ရုံကိုတစ်ဖျတ်ဖျတ်ဝဲနေစေ၏။

သူမအနီရောင်နှုတ်ခမ်းနီ နည်းနည်းဆိုးအပြီး မှန်ထဲကပုံရိပ်ကို စစ်ဆေးရင်း အပြုံးဖျော့ဖျော့တစ်ပွင့် ပြုံးလိုက်သည်။ သူမကလည်း အရမ်းညှို့ငင်နိုင်လွန်းပါတယ်။ ဟုတ်တယ်မလား? ရှောင်းဟန်အသေအချာ ရွေးထုတ်ပေးလိုက်တဲ့ အနီရောင်ဝိုင်နဲ့ လိုက်ဖက်နေရောပဲ။

နောက်ဆုံးအပြင်အဆင်ကတော့ ညှို့ငင်နိုင်တဲ့နတ်ဘုရားမကနေ ဖက်ရှင်ကျတဲ့အလှလေးအဖြစ် ပြောင်းလဲပေးတဲ့ သူမပုခုံးပေါ်ကနူးညံ့တဲ့ အဖြူရောင်ခြုံပဝါပင်။ ချူရှောင်းသူမရဲ့ဆံပင်ကိုပြင်ကာ မြူဆွယ်တတ်တဲ့အမူအရာကိုဖုံးရင်း သူမအိတ်ထဲကစာဖိုင်တွေနဲ ရှောင်းဟန်နေအိမ်ဆီ မောင်းထွက်လာလေသည်။

ရှောင်းဟန်က သူ့ခင်တဲ့သူငယ်ချင်းတွေလာတာကလွဲလို့ တခြားသူဝင်တာမကြိုက်ဘဲ အိမ်မှာတစ်ယောက်တည်း နေလေ့ရှိသည်။ အခန်းထဲက အရာရာတိုင်းက သပ်ရပ်ကာ​သေသပ်၏။ သူ့အိမ်ကဝမ်ကျိုးမြို့ရဲ့ လုံဝမ်စီရင်စုမှာရှိပြီး ရှောင်းကုမ္ပဏီနဲ့မဝေးပေ။ ချူရှောင်းသူ့အိမ်ထဲ ဝင်လိုက်တာနဲ့ အနက်၊အဖြူနဲ့ မီးခိုးရောင် အရောင်အနုအရင့်တွေနဲ့ အခန်းကိုတွေ့လိုက်ရသည်။

ချူရှောင်း အခန်းအပြင်အဆင်ကို အကဲဖြတ်ရင်း ပြုံးကာ

"Mr.ရှောင်း၊ ဒီအတွင်းပိုင်းအပြင်အဆင်ကို 'minimalist' လို့ခေါ်တယ်လို့ ကြားဖူးတယ်။ ပြီးတော့ အများအားဖြင့် အိမ်ထဲမှာနေတဲ့ပိုင်ရှင်က စည်းကမ်းကြီးပြီး ထိန်းချုပ်နိုင်စွမ်းကောင်းတယ်။ ဒါတွေက ရှင့်ကိုဖော်ပြနေတယ်လို့များ ပြောမလား?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now