RVTIACF chapter-(37)

1.6K 223 6
                                    

CHAPTER-(37)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန်ကချူရှောင်ရဲ့ ဖိတ်ကြားချက်ကို ဝမ်းပန်းတသာလက်ခံလိုက်တာနဲ့

"ဥက္ကဋ္ဌရှောင်းက တရုတ်စာကိုသဘောကျတာလား အနောက်တိုင်းစာလား? မဟုတ်လည်းတခြားစားချင်တာများ ရှိသေးသလား?" ဟုသူမမေးလိုက်၏။

"ဒါကိုတော့ မင်းပဲဆုံးဖြတ်လိုက်ပါ missချူ။"

သူမဖုန်းပွတ်နေရင်းမှ နှုတ်ခမ်းထောင့်စွန်းများ အပြုံးတစ်ပွင့်အဖြစ် ကွေးညွှတ်သွားလေသည်။

"အကင်နဲ့ဟော့ပေါ့ဘားမှာ စားရင်ကော စိတ်မရှိဘူးမလား? အင်ဖရူရန်ဆာ(influencer)တွေကြောင့် ကျော်ကြားလာတဲ့အဲ့လိုနေရာမျိူးတွေမှာ တခါမှမစားဖူးဘူးလို့ ထင်တာပဲနော်။"

သူလက်ဖက်ရည်သောက်လိုက်ရင်းမှ မျက်ခုံးများအနည်းငယ်ဖြောင့်တန်းသွား၏။

"တကယ်ပဲ ကျွန်တော်သွားမစားဖူးဘူး။"

ချူရှောင်း သူမဘိုကင်တင်ထားတဲ့ စားသောက်ဆိုင်ရဲ့ပုံတွေကိုပြဖို့ ဖုန်းကိုသူ့ဆီလွှဲပေးလိုက်သည်။

"ရှင့်ကိုစနေတာပါ။"

သူမကျီစားလိုက်သည်။

"ကောင်းကောင်းဝတ်စားထားတဲ့ ဥက္ကဋ္ဌရှောင်းကို အဲ့လိုနေရာမျိူးမှာစားဖို့ ဘယ်လိုလုပ်ခေါ်သွားနိုင်ပါ့မလဲ? သွားကြစို့...ဒီဆိုင်က အရသာရှိတဲ့မီနူးကြောင့် နာမည်ကြီးတယ်။ တကယ်တော့ မနေ့ကမှအမေနဲ့ ညစာစားဖို့ဆိုပြီး သွားထားတာ။"

"အိုး..မင်းတို့နှစ်ယောက်မှာ ရင်းနှီးတဲ့ဆက်ဆံရေး မရှိဘူးလို့ထင်နေတာ။ မင်းအမေကို သူမနာမည်အတိုင်းခေါ်တာပဲ အမြဲကြားနေလို့။"

"ကိစ္စတော့မရှိပါဘူး။ သူကကျွန်မအမေပဲကို ပြီးတော့သူမက ကျွန်မအမေဖြစ်နေလို့ ဂုဏ်ယူပေမယ့် ရုံးမှာ "မား' လို့ခေါ်တာတော့ သိပ်ပရော်ဖက်ရှင်နယ် မဆန်ဘူးထင်လို့။ ပြီးတော့ တခြားသူတွေအလုပ်လုပ်နေတာကိုလည်း ထိခိုက်နိုင်လို့ပါ။ အလုပ်ပြီးတဲ့အခါမှပဲ အနားယူပြီး ပုံမှန်လိုပြန်သွားကြတာ။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now