CHAPTER-(24)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်စီးပွားရေးလောမှာ တုံ့ဖန်အုပ်စုက ထိပ်တန်းအဆင့်ရှိကုမ္ပဏီများထဲက တစ်ခုပင်။ ကောလိပ်ကျောင်းသားတွေက အလုပ်သင်အခွင့်အလမ်းတွေအတွက် လူသိများတဲ့ကုမ္ပဏီကြီးတွေကို အနည်းနဲ့အများတော့ အာရုံစိုက်ကြ၏။
ဒါကြောင့် သူတို့ကသဘာဝအလျောက် တုံ့ဖန်အုပ်စုကို ကြားဖူးကြသည်။ ဖိုရမ်ဆွေးနွေးပွဲက ချက်ချင်းပဲသက်ဝင်ထကြွမှုတွေနဲ့ ပေါက်ကွဲသွားတော့သည်။
ယိချန်ကယိမိသားစုက သခင်ငယ်လေးဆိုတာကိုလည်း အမည်မသိကောမန့်မန့်သူတွေက ဖော်ထုတ်လိုက်ကြသည်။ သိုသော်လည်း ယိမိသားစုစီးပွားရေးက တုံ့ဖန်အုပ်စုထက် တစ်ဆင့်နိမ့်သည်။
ချူရှောင်းသာတကယ်ပဲ တုံ့ဖန်အုပ်စုကသမီးဆိုရင် ယိချန်သူမကို လမ်းခွဲကြေးပေးတယ်ဆိုတာက လွယ်လွယ်နဲ့ရယ်စရာဖြစ်သွားမည်။
အမည်မသိကောမန့်မန့်သူကတော့ ပိတ်သွားပြီ။ သို့သော်လည်း အတင်းအဖျင်းနှစ်သက်တဲ့ ကျောင်းသားတွေကတော့ အမှန့်တရားကိုပြီးပြည့်စုံစေဖို့ အပိုင်းအစတွေကိုစုကြသည်။
ပိုင်ရွယ်ဝေ့က ချူမိသားစုအစေခံရဲ့ သမီးဖြစ်သည်။ သူမနာမည်ကြီးတံဆိပ် အဝတ်တွေလက်ဝတ်ရတနာတွေဝတ်ရတာ ချူရှောင်းရဲ့ရက်ရောမှုကိုပဲ ကျေးဇူးတင်ရမည်။ သို့သော်လည်း သူမမကျေနပ်နိုင်ဘဲ ချူရှောင်းရဲ့ကောင်လေးကိုပါခိုးသည်။ သူမယိချန်နဲ့လက်ထပ်ချင်ပြီး ပိုက်ဆံအတွက်သူ့ရဲ့ဇနီး ဖြစ်ချင်သည်။
ချူရှောင်းက ချူမိသားစုဝိုင်းကနေ ပိုင်ရွယ်ဝေ့မိသားစုကို နှင်ထုတ်အပြီး ယိချန်ပိုင်တဲ့တိုက်ခန်းလေးကို ပြောင်းသွားကြ၏။ တကယ်လို့ပိုင်ရွယ်ဝေ့သာ ယိမိသားစုထဲအောင်အောင်မြင်မြင် လက်ထပ်ဝင်သွားရင်တောင် သူမကအရှက်မရှိတဲ့အကြံသမားကောင်မအဖြစ် သမုတ်ခံရမည်သာ။
ဒါမဲ့သူမကို ယိချန်ကပစ်သွားရင်တော့ အခြေအနေကပိုပြီး စိတ်ဝင်စားစရာကောင်းလာမှာပင်။ ချူရှောင်းလိုမျိုး ယိချန်ကပိုင်ရွယ်ဝေ့ကို ယွမ်ဆယ်မီလီယံတန်အိမ်ကြီး ပေးဖို့ဆန္ဒရှိမလားသိချင်စမ်းပါဘိ။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...